MNP ၊ မေ ၃၀
သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈း၃၀ နာရီက သံတွဲမြို့ ခြံပြင်ကျေးရွာရှိ စံကားတောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ် မှုကြောင့် ဘုန်းတော်ကြီးကျောင်းအဆောက်ဦးပျက်စီးမှုအား ပြန်လည်ပြင်ဆင်ပြီးစီးမှုအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ သည်။
ထို့နောက် ဆရာတော်အားဖူးမြော်ကြည်ညိုကာ ဘုန်းတော်ကြီးကျောင်းအဆောက်ဦး ပြန်လည် ပြင်ဆင်ပြီးစီးမှုအခြေအနေများကို လျောက်ထားတော်မူခဲ့ရာ ဆရာတော်မှ ကျောင်းမကြီး အမိုးပြန်လည်ပြုပြင်နိုင်ရန်အတွက် အမိုးသွပ်များလိုအပ်နေမှုများကိုမိန့်ကြားတော်မူခဲ့သည်။ အဆိုပါ လိုအပ်သော အမိုးသွပ်များကို သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ထပ်မံဖြည့်ဆည်းပေးနိုင်ရေး ပြန်လည်လျှောက်ထားတော်မူခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment