ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ







MNP ၊ မေ  ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မြို့နယ် သစ်တော ဦးစီးဌာနမှ ၂၀၂၃ ခုနှစ်  မိုးရာသီအကြိုကာလ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်  ဒုညောင်ပင်ကြီးကျေးရွာအုပ်စု ၊ ကင်းချောင်းကျေးရွာ ၊   မောင် တော -အငူမော် ကားလမ်းမ အနီး တွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။ 


 အဆိုပါ မိုးရာသီအကြိုကာလ သစ်ပင်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ  ပျိုးပင်များအား မြို့နယ် သစ် တော ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟိန်းကျော်နိုင်က တာဝန်ရှိသူ များထံပေးအပ်ပြီး  နယ်ခြား စောင့် ရဲ တပ်ဖွဲ့ဝင်များ ၊ ကျန်း မာရေးဝန်ထမ်းများ ၊ ပညာရေးဝန်ထမ်းများ၊  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သစ်ပင် ချစ်မြတ်နိုးသူများ ၊ ရွာသူ ၊ ရွာသားများက မဟော်ဂနီ ၊ ကျွန်း ၊ ပျဉ်ကတိုး ၊ မန်ဂျန်ရှား ၊ ယူကလစ် စုစုပေါင်း ပျိုးပင်ပေါင်း ၁၂၀၀ ပင်အား သတ် မှတ်နေရာ အသီးသီးတွင်   စနစ်တကျ တပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။ 


သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်း ကျင် စိမ်း လန်း စိုပြေရေး ၊ ရာသီဉတု ကောင်းမွန်မျှစေရေး ၊ အရိပ်အာဝါသ နှင့် အခြားအကျိုး များရရှိစေရေး ၊ သစ်တော သစ်ပင် တန်ဖိုးများကို အများ ပြည်သူ အလေးထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)