ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက် ပြီးစီးရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက် ပြီးစီးရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ






MNP ၊ မေ  ၃၀

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား စာရင်းအမှန်ရရှိရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေးကြသည်။


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးက တက်ရောက်လာကြသည့်  ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မိမိတို့၏ဌာနပိုင် အဆောက်အဦများကို ဒေသန္တရပေါက်ဈေးဖြင့်  တွက်ချက်ပြီး မှန်မှန်ကန်ကန် တိတိကျကျစာရင်းပြုစုကာ တွက်ချက်တင်ပြကြစေ လိုကြောင်း၊ တွက်ချက်တင်ပြရာတွင်လည်း အဆောက်အဦ၏ အလျား×အနံ×အမြင့် စသည့် အင်ဂျင်နီယာ တွက်ချက်မှုများ ပါရှိရမည်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စာရင်းများကို မှန်ကန်တိကျမှုရှိစွာဖြင့် စနစ်တကျစိစစ်ပြီးမှသာ တင်ပြရမည်ဖြစ်ကြောင်း၊ ပျက်စီးမှုစာရင်းများကို မှတ်တမ်း ဓာတ်ပုံများနှင့်အတူ မှန်ကန်စွာဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တွက်ချက်တင်ပြမှုအပေါ် အတည်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးရဲလင်းမောင်က မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် ဌာနဆိုင်ရာများ၏ လိုအပ်လျက် ရှိသော ပစ္စည်းများအား စာရင်းကောက်ယူရာတွင် မှန်ကန်မှုရှိစေရေးအတွက် မိမိတို့ဌာနအလိုက် တင်ပြပေးစေလိုကြောင်း ပြောကြားရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအသီးသီး၏ ပျက်စီးမှုအခြေအနေများကိုတင်ပြခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)