ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြောက်ဦးမြို့၊ မင်းပြားမြို့နှင့်ရသေ့တောင်မြို့များသို့ သွားရောက်၍ တပ်မတော်သားများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြောက်ဦးမြို့၊ မင်းပြားမြို့နှင့်ရသေ့တောင်မြို့များသို့ သွားရောက်၍ တပ်မတော်သားများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်





MNP ၊  မေ   ၂၂

မေ ၁၄ ရက်နေ့က တိုက်ခက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည် ဒေသများသို့ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်းစီအဖွဲ့ဝင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချူပ်ကြီး မိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် မေ ၂၀ ရက်တွင် သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသား စုဝင်များအားတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်းစီအဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချူပ်ကြီး မိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများက မြောက်ဦးမြို့သို့ရောက်ရှိပြီး မြောက်ဦး တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့်တွေ့ဆုံ အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ ပဲစသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အဆောက်အဦ သုံးပစ္စည်းကရိယာများ မီးဖိုချောင်သုံးပစ္စည်းများ ကိုထောက်ပံ့ပေးအပ်ခဲ့ပြီး ရေကောင်းရေသန့် ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် မင်းပြားမြို့သို့သွားရောက်ကာ မင်းပြားတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် နယ်မြေခံရဲတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား ပြီးဆန်၊ ဆီ၊ ပဲ၊ စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ အဆောက်အဦသုံး ပစ္စည်းကရိယာများ မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေကောင်းရေသန့်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသည်။


ထို့ပြင် ရသေ့တောင်မြို့နယ်သို့ရောက်ရှိပြီး ရသေ့တောင်တပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ပဲ၊ စသည့်အခြေခံစားသောက်ကုန်ပစ္စည်းများ အဆောက်အဦးသုံးပစ္စည်းကရိယာများ မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေကောင်းရေသန့်ရရှိစေရန် စီစဉ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စစ်တွေ့မြို့သို့ရောက်ရှိကာ စစ်တွေတပ်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်ခဲ့ပြီး မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြပြီးနောက် နယ်မြေခံရဲတပ်ရင်းသို့ သွားရောက်ခဲ့ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ပဲစသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ အဆောက်အဦသုံးပစ္စည်းကရိယာများ မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေကောင်းရေသန့်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


ထိုပြင်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချူပ်ကြီး မိုးမြင့်ထွန်း၊ တပ်မတော် အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်သို့ရောက်ရှိကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားလည်းကောင်း၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအားလည်းကောင်း၊ ကျောက်တော်မြို့နယ်ရှိ ကျောက်တော်တပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားလည်းကောင်း၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအားလည်းကောင်း တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ဆီ၊ပဲ၊စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ အဆောက်အဦသုံး ပစ္စည်းကရိယာများ မီးဖိုချောင်သုံးပစ္စည်းများ ကိုထောက်ပံ့ပေးအပ်ခဲ့ပြီး ရေကောင်းရေသန့် ရရှိစေရန် စီစဉ် ဆောင်ရွက်ပေးခဲ့သည်။


ညနေ့ပိုင်းတွင်စစ်တွေ့မြို့သို့ရောက်ရှိကာ စစ်တွေတပ်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များမှ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်ခဲ့ပြီး မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြပြီးနောက် နယ်မြေခံရဲတပ်ရင်းသို့ သွားရောက်ခဲ့ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ပဲ စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ အဆောက်အဦသုံး ပစ္စည်းကရိယာများ မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေကောင်းရေသန့်ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလျှက်ရှိသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ အားတွေ့ဆုံအား ပေးစကားပြောကြားခဲ့ပြီး ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment