စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဝန်ထမ်းမိသားစုများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားနှင့် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၃/၂၀၂၃ သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဝန်ထမ်းမိသားစုများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားနှင့် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၃/၂၀၂၃ သို့ တက်ရောက်






MNP ၊ မေ ၂၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ထမ်းမိသားစုများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၆ ရက် နေ့၊နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ အရာထမ်းများ၊အမှုထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ပညာသင်ကြားနေကြသည့် မိသားစုဝင်များ၏ သားသမီးများသည် အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင် ကောင်းများ၊ သားကောင်းရတနာများဖြစ်သည့် အားလျော်စွာ ပညာတက်လူငယ်များဖြစ်စေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိပြီး ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ပါကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လုမူရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ် ဖြစ်သည့်အားလျော်စွာ မိမိတို့၏ သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေးကြစေလိုပြီး သက်ဆိုင်ရာစာသင်ကျောင်းများတွင် ပညာသင်ကြားရာ၌လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာကြရမှာဖြစ်ပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သားသမီးများ ပညာရည်မြင့်မားစေရေးအတွက် တစ်ဘက်တစ် လမ်းမှထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများမှလည်းအနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြစေရန် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ပညာအဆင့်နှင့် အထက်တန်း ပညာအဆင့်တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် နှင့်ကျောင်းဝတ်စုံများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အလယ်တန်းပညာအဆင့်နှင့် မူလတန်းပညာအဆင့်တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ယင်းနောက် ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းခံရသော ဝန်ထမ်းမိသားစုဝင်များကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်အားပေးပြီ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တက္ကသိုလ်ပညာ အဆင့် ကျောင်းသား၊ကျောင်းသူ ၁၂ ဦးအား တစ်ဦးလျှင် ငွေကျပ်- ၁၂၀၀၀၀ (တစ်သိန်းနှစ် သောင်း)နှုန်း၊ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးအား တစ်ဦးလျှင်ငွေ ကျပ်- ၉၀၀၀၀ (ကိုးသောင်း)နှုန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးအား တစ်ဦးလျှင် ငွေကျပ်- ၇၀၀၀၀ (ခုနှစ်သောင်း)နှုန်းနှင့် မူလတန်းပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၇၉ ဦးအား တစ်ဦးလျှင်ငွေကျပ်- ၅၀၀၀၀ (ငါးသောင်း)နှုန်းဖြင့် ကျောင်းသား/ ကျောင်းသူ ၁၃၂ ဦးအတွက် စုစုပေါင်းငွေကျပ် - ၈၆၀၀၀၀၀ (ရှစ်ဆယ်ခြောက်သိန်း)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။     

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော နိုင်ငံ့စီးပွားမြင့်တင် ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၃/၂၀၂၃ သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်အညီ ချေးငွေလုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအားသုံးစွဲခြင်းဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်စေရန်နှင့် နိုင်ငံ့စီးပွားရေးအခြေအနေ တိုးတက်စေရန် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ အားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်၊ ဟုမ္မလင်းခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေများနှင့် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်း လင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေထုတ်ချေးရေး မိမိတို့ဌာနများအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အထွေထွေဖြည့်စွက်အကြံပြု တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်း လင်းဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)