မြစ်သားမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြက္ခရွေစွယ်တော်ရှင်စေတီတော်ကြီး၏ ငှက်မြတ်နားတော်တစ်ဖက် မြေခ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြက္ခရွေစွယ်တော်ရှင်စေတီတော်ကြီး၏ ငှက်မြတ်နားတော်တစ်ဖက် မြေခ


MNP ၊ မေ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မေလ(၁၅)ရက်နေ့ နံနက်(၃)နာရီခွဲ အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ပြက္ခရွေစွယ်တော်ရှင်စေတီတော်ကြီး၏ ငှက်မြတ်နားတော် တစ်ဖက်မြေခခဲ့ကြောင်း သိရသည်။


မြန်မာသက္ကရာဇ် ၃၉၅ ခုနှစ်တွင် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်တော်မူသော ငါးဆူမြတ်စွယ်တော်စေတီတစ်ဆူဖြစ်သော ပြက္ခရွေစွယ်တော်စေတီတော်မြတ်ကြီးသည် မြစ်သားမြို့နယ် မိုင်းမောကျေးရွာအုပ်စု၊ မြသုခကျေးရွာအနီးတွင် တည်ရှိသည်။ အမြင့်ပေ (၃၇၅၀)ပေရှိ ပြက္ခရွေ အနောက်တောင်ပေါ်တွင် တည်ထားသည့် ဥာဏ်တော်(၅၄)ပေရှိ ပြက္ခရွေစေတီတော်မြတ်ကြီး၏ ငှက်မြတ်နား တော်တစ်ဖက်မြေခခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ငှက်မြတ်နားတော် တန်ဖိုးမှာ (၃၀၀၀၀၀၀) ကျပ်ဖြစ်ကြောင်း မောနားကျောင်းဆရာတော် ဦးပညာဝံသထံမှ သိရသည်။


ရဲနိုင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment