သံတွဲမြို့နယ်၊ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်း များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲမြို့နယ်၊ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်း များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၁၀

သံတွဲမြို့နယ်၊ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်း များအားယနေ့ နံနက် ၁၀ နာရီက  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်းသိရသည်။


အဆိုပါ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများဖြစ်သည့် ဂျိတ္တောရပ်ကွက်ရှိ ဂျိတ္တောကျောင်းကြီး၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၊ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်၊ မဒေးတောင် ဘုရားကုန်းတော်ပေါ်ရှိ ဓမ္မာရုံတို့တွင် ဒေသခံပြည်သူများ ဘေးအရာန္တရာယ်ကင်းရှင်းစွာနေထိုင်နိုင်ရေး၊ သောက်သုံးရေသိုလှောင်ထားရှိမှု ၊ ထင်းများ သိုလ်လှောင်ထားရှိမှုထမင်း၊ ဟင်းချက်ပြုတ်မည့်စားဖိုချောင်များအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး  လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ငပလီမြို့အုပ်ချုပ်ရေးမှုးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအားတွေ့ဆုံ၍ ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသော သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများအား ယနေ့ညနေအပြီး သက်ဆိုင်ရာ ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ကြရေးတို့ကို ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)