မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်






MNP ၊ မေ  ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်း တိုက် ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို နယ်မြေခံ တပ်မ မှူး ဦးဆောင်ဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ် ချုပ် ရေးမှူး ဦးစိုးစိုးသက်  နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က ယမန်နေ့ နေ့လယ်ပိုင်း အချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျေးရွာ/အုပ်စု(၁၉) စုမှ လေဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။


ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်၊ဆီ၊ ဆား၊ငပိ များကို အလယ်ချောင်းကျေးရွာ၊ ဇီးပင်ကြီးကျေးရွာ၊ရဲဖျားကျေးရွာ စသော ကျေးရွာ(၅၆) ရွာ ၊ အုပ်စု(၁၉) စု ၊အိမ်ထောင်စု(၅၄၁၈)စု၊ လူဦးရေ (၁၁၇၃၆)  တို့အတွက် ဆန် (၆၁၂) အိတ် နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှလည်း အုပ်စု(၄) စု၊ကျေးရွာ(၇) ရွာမှ နေအိမ်များ လုံးဝပျက် စီးသွားသောပြည်သူများအတွက်  ပစ္စည်း(၁၇) မျိုးပါ အသုံးအဆောင် ပစ္စည်းများအား နယ်မြေခံတပ်မမှူး ၊ မြို့နယ် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့် တာဝန်ရှိသူများကလေဘေး သင့်ပြည်သူများကိုယ်စား ကျေးရွာအလိုက် ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျန်ရှိသည့်လေဘေးသင့်ပြည်သူများအား ဆက်လက် ထောက် ပံ့ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)