တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်)တို့မှ သင်တန်းသားများ စုဖွဲ့စခန်းသွင်းလေ့ကျင့်ရန် မိတ္ထီလာမြို့သို့ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်)တို့မှ သင်တန်းသားများ စုဖွဲ့စခန်းသွင်းလေ့ကျင့်ရန် မိတ္ထီလာမြို့သို့ရောက်ရှိ



MNP ၊ မေ ၇

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်း အဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက် ရှိသည်။

ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် သင်တန်းစခန်း ၁၇ ခုမှ သင်တန်းသား ၆၈၀ ဦးသည် စုဖွဲ့စခန်းသွင်းလေ့ကျင့်ရန်အတွက် မိတ္ထီလာမြို့သို့ နယ်မြေအသီးသီးမှ တပ်မတော်လေယာဉ်များဖြင့် ထွက်ခွာကြရာ သက်ဆိုင်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ ထို့ပြင် သင်တန်းစခန်းအသီးသီး၌ လေ့ကျင့်သင်ကြား ပို့ချနေချိန်များတွင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ မိတ္ထီလာမြို့သို့ ရောက်ရှိလာသည့် သင်တန်းသား၊ သင်တန်းသူများ သည် တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊ RC လေယာဉ်၊ ရဟတ်ယာဉ်၊ Drone မောင်းနှင်ခြင်း၊ လေ့လာရေး ခရီးစဉ်များသွားရောက်ခြင်းများနှင့် ပြိုင်ပွဲများကျင်းပခြင်းများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)