ရွှေတောင်မြို့နယ်တွင် ( ၁ / ၂၀၂၃)အသက် မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ( ၁ / ၂၀၂၃)အသက် မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ






MNP ၊ မေ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကသစ်တိုင်းကျေးရွာအုပ်စု၊တောင်လုံးညို အမကကျောင်းတွင်ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ( ၁ / ၂၀၂၃)အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်း

ဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။


        အခမ်းအနားတွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူ က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ယက္ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်သင်းသင်းနွယ်က သင်တန်းကာကအတွင်းပြီးဆုံးသည်အထိတက်ရောက်ခဲ့ကြသောသင်တန်းသား /သူ များကိုကျေးဇူးတင်ရှိကြောင်းနှင့် သင်တန်းမှရရှိသော အတတ်ပညာများဖြင့် ကိုယ်ပိုင်စီးပွားရေးအဖြစ်

တစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်ကြောင်းပြောကြားခဲ့ပြီးသင်တန်းသား / သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ထို့နောက်သင်တန်းဆရာမများအား ဂါရဝလက်ဆောင်များနှင့် သင်တန်းသား / သူများကို သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)