ကျိုက်ထိုမြို့တွင် ဦးငါးမင်းဆွေ တစ်ကိုယ်တော် အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့တွင် ဦးငါးမင်းဆွေ တစ်ကိုယ်တော် အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်




MNP ၊ မေ ၂၇

ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ဦးငါးမင်းဆွေက အကြမ်းဖက်ဆန့်ကျင်ရေး တစ်ကိုယ်တော်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးငါးမင်းဆွေက ကျိုက်ထိုမြို့တွင်း မြို့ပြင် ဆိုင်ကယ်ဖြင့် လှည့်လည်ပြီး "မနေ့က ကျွန်တော် ကြေညာထားတဲ့အတိုင်း ၉နာရီမှာ လုပ်ပါတယ်ဗျာ။ အကြမ်းဖက်ဆန့်ကျင်ရေးဗျာ။ ဒီအကြမ်းဖက်မှုတွေ ရပ်ဆိုင်းသွားဖို့ပေါ့။ ကျွန်တော်တို့ နိုင်ငံသား ပြည်သူတွေအချင်းချင်း သတ်ဖြတ်နေကြတယ်ဗျ။ အဲဒါတွေ ရပ်ဆိုင်းသွားဖို့ပေါ့နော်။ သူတို့ကတော့ ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ဆိုပြီးတော့ ပြောနေကြတာပေါ့နော်။ ဒီမိုကရေစီဆိုတာကလည်း ကျွန်တော်တို့ ဒီမိုကရေစီနဲ့ပဲသွားမယ်ဆိုတာကလည်း အားလုံး ပြောထားပြီးသားပဲဗျ။ အစိုးရကရော၊ တပ်မတော်ကရော၊ နိုင်ငံရေးပါတီတွေကရော ဒီမိုကရေစီနဲ့ သွားမယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေးဆိုတာကတော့ နိုင်ငံတော်ကြီး ငြိမ်းချမ်းသွားမယ်ဆိုရင် တပ်မတော်ကလည်း နိုင်ငံရေးက ထွက်ပြီးတော့ စစ်တန်းလျားပဲ ပြန်မယ်ဆိုတာလည်း ပြောထားပြီးသားပဲဗျ။ အဲဒီတော့ ကျွန်တော်တို့က နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းဖို့ပဲ ကြိုးစားရမှာဗျ။ အဲဒီလို မကြိုးစားဘဲနဲ့ အကြမ်းဖက်နည်းနဲ့ သူတို့လိုချင်တဲ့ဟာကို ပြောင်းလဲနိုင်ဖို့ လုပ်တာပေါ့ဗျာ။ တပ်မတော်ကလည်း နိုင်ငံတော်မတည်ငြိမ် မအေးချမ်းရင်တော့ နိုင်ငံရေးထဲမှာ ပါနေရမယ်ဗျ။ ဒီအကြမ်းဖက်နည်းနဲ့ နိုင်ငံတော်ကြီး မတည်ငြိမ်အောင် လုပ်နေမယ်ဆိုရင်တော့ တပ်မတော်က ရှိနေမှာပဲဗျ။ ပြည်သူတွေ အချင်းချင်းသတ်လို့ သေကြတယ်၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ထိခိုက်တယ်။ အဲဒါတွေက မကောင်းကြတော့ဘူး။ ဖြစ်လာတာလည်း တစ်နှစ်လည်းမဟုတ်၊ နှစ်နှစ်လည်းမဟုတ်တော့ဘူး။ ၂နှစ်ကျော် ၃နှစ်ထဲကို ရောက်လာပြီဗျ။" ဟု ပြောဆိုသည်။

ဦးငါးမင်းဆွေ က ကျွန်တော့်ကို အကြမ်းဖက်ချင်ရင်လည်း လာပြီး အကြမ်းဖက်ပါ၊ သတ်ချင်ရင်လည်း လာသတ်ပါ ဟု ဈေးရှေ့တွင် ပြောဆိုပြီး ရန်ကုန်မြို့ပေါ်တွင် သတ်ဖြတ်ခြင်းခံခဲ့ရသော အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင့် အား အကြမ်းဖက်သမားများက သတ်ဖြတ်မှုနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုသွားသည်။ 

ကျွန်တော်တို့ကို လုပ်လို့ အောင်မြင်မယ်ဆိုရင်လည်း လုပ်ပါ။ ကျွန်တော်တို့ကိုလည်း ဘယ်သူမှ ကာကွယ်ပေးထားတာ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေဆိုတာလည်း သူတို့လုံခြုံရေးတောင် သူတို့အနိုင်နိုင်။ အခုလို အကြမ်းဖက်သတ်ဖြတ်နေလို့ ခင်ဗျားတို့ အောင်မြင်မလား ဟု အကြမ်းဖက်အဖွဲ့အစည်းများကို ပြောဆိုသွားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)