တောင်ကုတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ








MNP ၊ မေ ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ဝိသုဒ္ဒါရုံဘုန်းတော်ကြီးကျောင်းဝင်းရှိ မဟာဗောဓိပင်တွင် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)ယနေ့ ညနေပိုင်းက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ကျင်းပခဲ့သည်။


ရှေ့ဦးစွာဝိသုဒ္ဒါရုံကျောင်းဓမ္မာရုံ၌ အခမ်းအနားသို့ကြွရောက်တော်မူကြသည့်ဆရာတော် များနှင့် ဧည့်ပရိတ်သတ်များက အခမ်း အနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဧည့်ပရိတ်သတ်များက ဗောဓျာရာမကျောင်း တိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာဇောတ ထံမှ ငါးပါးသီလခံယူ တည်ဆောက်ကာ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဧည့်ပရိတ် သတ်များက မဟာဗောဓိပင် ခြေရင်း၌ စီတန်းလှည့်လည်နေရာယူပြီးနောက် နတ် ၊ ဗြဟ္မာတို့အားပင့်ဖိတ်ခြင်း ၊ မဟာဗောဓိညောင်ပင်အား မဟာဗောဓိရုက္ခသိဉ္စနပူဇာဂါထာရွတ်ဖတ်ပူဇော်ခြင်းများကိုဆောင်ရွက်သည်။ထို့နောက်ခရိုင်စီမံအုပ်ချုပ်‌ ရေး အဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ဧည့်ပရိတ်သတ်များ က မဟာဗောဓိပင်အား ကဆုန် ညောင်ရေ များသွန်းလောင်းပူဇော်ကြသည်။


ထို့နောက် နတ်ပို့ဂါထာအား ဦးထွန်းထွန်းနိုင် က ရွတ်ဆိုပြီး ရခိုင်စည်တော်တီး၍ အခမ်း အနားကို ရုပ်သိမ်းခဲ့ပြီးနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတွင် ပါဝင်ဆင်နွှဲသူများအား ဖျော်ရည် နှင့်မုန့်များ ဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)