မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်



MNP ၊ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေး မှူးရုံး၌  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထို့နောက် နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော် ၅ ပါးနှင့် ဒေသခံ ပြည်သူ ၁၅၈ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment