သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အွန်လိုင်းမှ ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အွန်လိုင်းမှ ဖွင့်လှစ်သင်ကြား





MNP ၊ မေ  ၂၃

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ဌာန၏ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ လုပ်ငန်းရည်မှန်းချက်များ အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ထမ်းများအား ပြည်သူ့ ဆက်ဆံရေး ဘာသာရပ်သင်တန်းကို ယနေ့၊ နံနက်ပိုင်းက အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ် သင်ကြားပေးခဲ့သည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို ဝန်ထမ်းများ အနေဖြင့် ပြည်သူများနှင့် ပြောဆိုဆက်ဆံရာ၌ အထောက်အကူဖြစ်စေရေးနှင့် ဦးစီးဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး အတွက် သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချစေလိုကြောင်း ရှင်းလင်းအမှာစကား ပြောကြားသည်။


သင်တန်းတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးအရာရှိတို့က သထုံခရိုင်အတွင်းရှိ ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေးအခြေခံဝန်ဆောင်မှုပေး ခြင်းကဏ္ဍ၊  ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်း၊ ဝန်ထမ်းနှင့်ပြည်သူ့ဆက်ဆံရေး၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှု ပေးခြင်း၊ မေတ္တာအပြုံးနှင့်  ဂရုဏာနှလုံးသား၊  ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ စသည်တို့ကို ဆွေးနွေး သင်ကြားပေးခဲ့သည်။


အဆိုပါသင်တန်းသို့ သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့မှ ဝန်ထမ်း စု‌စုပေါင်း ၂၃ ဦးတို့ တက်ရောက်ခဲ့ပြီး စာတွေ့လက်တွေ့ သုံးရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


နဒီ

 https://t.me/MyanmarNationalPost




No comments:

Post a Comment