အခြေခံပညာ Grade-12 (သင်ရိုးသစ်)ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာ Grade-12 (သင်ရိုးသစ်)ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ




MNP ၊ မေ  ၂၆

အခြေခံပညာ Grade-12 (သင်ရိုးသစ်)ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကုတ်တက္ကသိုလ် ဘက်စုံသုံးခန်း၌ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် တို့က အမှာစကားပြောကြားပြီးနောက် ခရိုင်ပညာရေးမှူး ဒေါ်တင်တင်ဦး က အခြေခံပညာ Grade-12 (သင်ရိုးသစ်)ဆင့်ပွားသင်တန်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။


အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ကျောက်ဖြူခရိုင် ၊ သံတွဲခရိုင် ၊ အမ်းခရိုင် နှင့် တောင်ကုတ်ခရိုင်တို့မှ ဆရာ၊ ဆရာမ ၁၀၀၉ ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် ထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)