၂၀၂၃-၂၀၁၄ ပညာသင်နှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်တွင် ပြုလုပ်သည့် Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၁၄ ပညာသင်နှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်တွင် ပြုလုပ်သည့် Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်ပွဲ တက်ရောက်


MNP ၊ မေ ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြုလုပ်သည့် Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွား သင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်း တွင် မော်လမြိုင်တက္ကသိုလ်၊ ပင်မဆောင်အခန်း(၁၅)၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဌာန မှူးများ၊ ပြည်နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းမှ ကျောင်းအုပ်ကြီးများ၊ အဆိုပါ သင်တန်းသို့ တက်ရောက်မည့် မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ဝါရင့်အလယ်တန်းပြ ဆရာ/ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားသည်။ ထို့နောက် မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပြည်နယ်ပညာရေးမှူးတို့က အဆိုပါသင်တန်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားရှိမှုများအား ရှင်းလင်း တင်ပြကြသည်။

အဆိုပါသင်တန်းအား မေ ၁၆ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment