နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများနှင့် တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများနှင့် တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများပေးအပ်


MNP ၊ မေ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်း နောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာသို့သွားရောက်ပြီး သက္ကယ်ပြင် တိုက်နယ်ဆေးရုံ၌ IDP စခန်းများမှ မုန်တိုင်းဒဏ်သင့် ဘင်္ဂါလီစခန်းတာဝန်ခံများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည် နယ်ရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စများ၊ ပြန်လည် ထူထောင်ရေးကိစ္စများကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်မုန်တိုင်းဒဏ်ခံခဲ့ရသော IDP စခန်းများတွင်နေထိုင်သူများအတွက်လည်း တစ်ပြေးညီကူညီ‌ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့ပေးအပ်သည့် ဆန်နှင့်အသုံးအဆောင်ပစ္စည်းများသည် လတ်တလောစားဝတ်နေရေးအဆင်ပြေစေရန် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှမြို့နယ်များတွင် ထိခိုက်ဆုံးရှုံးမှုများ များစွာရှိနေပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့ပေးမှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ IDP စခန်းများတွင် နေထိုင်ကြသူများ အတွက်လည်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးနေသကဲ့သို့ ဆက်လက်၍လည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

IDP စခန်းများတွင် နေထိုင်ကြသူများအား မိုခါမုန်တိုင်းနှင့်ပတ်သက်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများ၊ လူမှုရေးအဖွဲ့များမှ သတိပေးခြင်း၊ ပြောင်းရွှေ့ ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့မှုများအား စခန်းတာဝန်ခံများနှင့် IDP စခန်းများတွင် နေထိုင်သူများကတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး စစ်တွေမြို့နယ် အတွင်းရှိ IDP စခန်း ၁၂ ခုတွင် နေထိုင် ကြသည့် မုန်တိုင်းဒဏ်သင့်ဘင်္ဂါလီများအတွက် ဆန်အိတ် ၁၂၀၀၊ ဆီပိဿာ ၁၅၀၀၊ ပဲ ပိဿာ၂၂၀၀ နှင့် တာပေါ်လင်စ ၃၆ လိပ်တို့ကိုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


တင်ထွန်း

#MyanmarNationalPost

No comments:

Post a Comment