မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးမှုအပေါ်ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးမှုအပေါ်ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ မေ ၁၈

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မြေပြင်စာရင်းမှန် အမြန်ဆုံးကောက်ယူရန်နှင့် ယာယီအဆောက် အအုံများအသုံးပြုနိုင်ရေး၊ ဦးစားပေးအလိုက် အဆောက်အအုံများ ပြုပြင်မွမ်းမံမှုဆောင်ရွက်နိုင်ရေး၊ မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးမှုပမာဏ အနည်းငယ်သာရှိသော်လည်း မိုးရာသီစိုက်ပျိုးမည့် သီးနှံမျိုးစေ့များ ပျက်စီးမှုရှိနိုင်သဖြင့် လိုအပ်သောမျိုးစေ့များ အချိန်မီဖြန့်ဖြူးနိုင်ရန် ကြိုတင်စီမံရေးနှင့် လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာမှလုပ်ဆောင်ပေးရန် လိုအပ်ပါကအသင့်ရှိရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ယင်းအပြင် မိမိတို့ဦးစီးဌာနအလိုက် ဝန်ထမ်းများနှင့် မိသားစုများ၏စားဝတ်နေရေးကိုလည်းကောင်း၊ ကျောင်းသားများအတွက် လိုအပ်သော ကျောင်းသုံးစာအုပ်များ၊ ဝတ်စုံများထောက်ပံ့ပေးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် တင်ပြရမည့်စာရင်းဇယားများ အချက်အလက်များကို ချက်ချင်းစိစစ်တင်ပြကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာ ကြသူများက နိုင်ငံတော်အစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒေသဆိုင်ရာအစိုးရများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ မိုးသီးနှံစိုက်ပျိုးရာတွင်လိုအပ်မည့် မျိုးစေ့များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြားတိုင်းဒေသကြီးများရှိ ဌာနပိုင်ခြံများပုဂ္ဂလိကမျိုးစေ့ ထုတ်လုပ်ငန်းရှင်များက ကူညီပံ့ပိုးပေးသွားရန် ချိတ်ဆက်ဆောင်ရွက် ထားရှိမှုများ၊ ကျောင်းဖွင့်ရာသီတွင် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ဖွင့်လှစ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စက်မှုလယ်ယာစခန်းများရှိ စက်ယန္တရားများ စွမ်းအားပြည့် အသုံးပြုနိုင်ရေးနှင့်လိုအပ်ချက်များ ကူညီမှုပေးနိုင်ရန် စက်မှုလယ်ယာဦးစီးဌာန ရုံးချုပ်မှ ကျွမ်းကျင်သူများ စေလွှတ်ပေးသွားမည့် အစီအမံများ၊ ရေဘေးကာကွယ်ရေးတာများ ထိခိုက်ပျက်စီးမှုနှင့် ဆည်ရေပေးဝေရေး အဆောက်အအုံများ ထိခိုက်ခဲ့မှုအခြေအနေများ၊ ကာလတိုအတွင်း မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေးတိရစ္ဆာန်သားပေါက်များ ရရှိရေး၊ တိရစ္ဆာန်အစာရရှိရေးအတွက် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်း ရှင်များ၊ မွေးမြူရေးအသင်းအဖွဲ့များက ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာဒေသများသို့ တာဝန်ပေးစေလွှတ်မည့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာကိစ္စရပ်များ အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)