သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ










MNP ၊ မေ ၁၇

အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဝင်ရောက်ခဲ့မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ် သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အား တိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဆိုင်ကလုန်း မုန်တိုင်း “မိုခါ”(MOCHA) မဝင်ရောက်မီကတည်းကပင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ကြိုတင်စုဖွဲ့ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းဦးတည်ဝင်ရောက်နိုင်သော ဒေသ များနှင့် ဆက်စပ်နေသောဒေသများသို့ လျင်မြန်စွာ သွားရောက်နိုင်ရေး ဂွ၊ အမ်း၊ ကျောက်တော်၊ ပုသိမ်၊ ပြည်၊ မကွေး စသောဒေသများသို့ ယာဉ်အုပ်စု ၁ စုတွင် တပ်မတော်မှအရာရှိကြီး ၁ ဦး လိုက်ပါ၍ ယာဉ်အုပ်စု ၁၀ စုကို မေ ၉ ရက်တွင် စတင် စုဖွဲ့ခဲ့ပြီး မေ ၁၂ ရက်တွင် ရန်ကုန် စုရပ်မှ စတင်ထွက်ခွာကြသည်။


ယင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများအနက် ၁ နာရီလျှင် သောက်ရေ ဂါလန် ၄၀၀ သန့်စင်ပေးနိုင် သည့် ရေသန့်စင်ယာဉ် အပါအဝင် ယာဉ် ၁၈ စီးပါဝင်သည့် ယာဉ်အုပ်စု ၁ သည် စစ်တွေမြို့သို့ မေ ၁၅ ရက်တွင် ရောက်ရှိ အခြေပြု၍ မေ ၁၆ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် သဘာဝဘေးဒဏ်ကြောင့် ကျိုးကျ၍ လမ်းပန်းဆက်သွယ်မှုများ ပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှားပေးခြင်း၊ ရေသန့်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသောနေရာများသို့ ရေပေးဝေခြင်း၊ မိုးကာတဲများနှင့် တာပေါ်လင်များ ဖြန့်ဝေပေးခြင်းတို့ကို နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်လျက်ရှိပြီး ယာဉ်အုပ်စုတွင် ပါဝင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကလည်း စစ်တွေမြို့ပေါ်၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။


အလားတူ ကျောက်ဖြူမြို့တွင် မေ ၁၆ ရက်၌ ရောက်ရှိအခြေပြုလျက်ရှိသည့် ရေသန့်စင်ယာဉ် အပါအဝင် ယာဉ် ၁၂ စီးပါဝင်သည့် ယာဉ်အုပ်စု ၆ မှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း ယနေ့တွင် ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင် တစ်ဝိုက်တို့၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်များကို ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အများပြည်သူများ ပုံမှန်အတိုင်း သွားလာ အသုံးပြုနိုင်ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်အုပ်စုတွင် ပါဝင်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက လည်း ကျောက်ဖြူမြို့ပေါ်၌ လိုအပ်သည့် ဆေးကုသပေးမှုများကို ဆောင်ရွက်ပေးသည်။


ကျန်ရှိသည့်  သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများ အနေ ဖြင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် သစ်ပင် သစ်ကိုင်း ပိတ်ဆို့လဲကျနေမှုများအား ဖယ်ရှားရှင်းလင်းခြင်း၊ မြေပြို ပိတ်ဆို့မှုများအား ရှင်းလင်းခြင်းတို့ကို ပြုလုပ်၍ အမြန်ဆုံးရောက်ရှိနိုင်ရေး ဆက်လက်ချီတက်လျက်ရှိ ကြောင်း သိရှိရသည်။


အဆိုပါ ယာဉ်အုပ်စုများ၌ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ထောက်ပံ့နှင့် ပို့ဆောင် ရေးညွှန်ကြားရေး မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေး တပ်ဖွဲ့ဝင်များ၊ စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေး လုပ်ငန်းဆောင်ရွက်ရန် တပ်ဖွဲ့ဝင်များ ပါဝင်ပြီး ယာဉ်အုပ်စုများတွင် မော်တော်ယာဉ်များ၊ ပဲ့ချိတ်စက်များ၊ ဖိုက်ဘာတိုက်လှေ များ၊ ချိန်းဆောများနှင့် လက်သုံးကိရိယာများ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ် ဘောကွင်းများ၊ မိုးကာတဲများ၊ တာပေါ်လင်စများ၊ ပစ္စည်း ၁၄ မျိုးပါ အရေးပေါ်သေတ္တာများ၊ မြွေအဆိပ်ဖြေဆေး အပါအဝင် ဆေးမျိုးစုံ၊ အရေးပေါ် ဆက်သွယ်ရေးစက်မျိုးစုံနှင့် အခြားလိုအပ်သော ဆက်စပ်ပစ္စည်းများ ပါရှိကြောင်း သိရှိရပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။


ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် မေ ၁၆ ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့တွင် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးများနှင့် ပူးပေါင်း၍ ဆေးကုသမှုပေးရန် လိုအပ်သော သဘာဝဘေး ဒဏ်သင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ထိုသို့ ဆေးကုသပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)