အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

















MNP ၊ မေ ၁၇

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဘီစကစ်အထုပ်ကြီး ၆၉၅ ထုပ်ကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ဆန်နှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွပ်ဘူးများပါဝင်သည့် စုပေါင်းရိက္ခာထုပ် ၄၀၀ ထုပ်ကို တင်ဆောင်၍ ဒုတိယအကြိမ်ဖြင့်လည်းကောင်း သွားရောက်ပို့ဆောင်ပေးသည်။


အလားတူ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ အထူးရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ကူညီကယ်ဆယ်ရေးအင်အား ၄၁၈ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ အဖွဲ့လိုက်ခွဲ၍ ပို့ဆောင်ပေးလျက်ရှိပြီး ယခုအချိန်အထိ တပ်မတော် လေယာဉ် ၃ စီးဖြင့်ပို့ဆောင်ပေးပြီးဖြစ်သည်။


ယနေ့တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်မှ လေယာဉ်များဖြင့် ပို့ဆောင်မှုအနေဖြင့် ယခုအချိန်အထိ နေပြည်တော်မှ စစ်တွေမြို့သို့ ၂ ကြိမ်၊ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ၁ ကြိမ်ရှိပြီ ဖြစ်ကြောင်းနှင့် ဆက်လက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)