ပုဗ္ဗသီရိ​မြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းတွင် စက်မှု၊ စိုက်ပျိုး​ရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိ​မြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းတွင် စက်မှု၊ စိုက်ပျိုး​ရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်ညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊ မေ  ၁၇

ပုဗ္ဗသီရိ​မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အမှတ်(၂၀) အခြေခံပညာအထက်တန်းတွင် စက်မှု၊ စိုက်ပျိုး​ရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။


အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့များ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ၌ ပုဗ္ဗသီရိမြို့နယ်အမှတ် (၂၀)အခြေခံပညာအထက်တန်းတွင် စက်မှု၊ စိုက်ပျိုး​ရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်းကို ဇွန်လတစ်ရက်နေ့ မှာဖွင့်လှစ်သွားမည်ဖြစ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade - 9 အောင်မြင်ပြီး စိတ်ပါဝင်စားသည့် ကျောင်းသားကျောင်းသူများတက်ရောက်နိုင်ရေး အသိပေးနှိုးဆော်သွားရန်နှင့် စည်းလုံးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု​ကောင်းခြင်းသည် လုပ်ငန်းများကိုပြီး မြောက်နိုင်သည့်အတွက် ပူးပေါင်းဆောင်ရွက်ကြ ရန်ဆွေနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂၀)ကျောင်းအုပ်ဆရာမကြီးမှ လျှောက်လွှာလျှောက်ထားရာတွင် သတ်မှတ်ထားသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထက်​အောင်ကျော်မှ သင်တန်းကျောင်းအောင်မြင်ပြီးပါကရရှိနိုင်သည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာတက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့သည်။


အဆိုပါ  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းကို အမှတ်(၂၀) အ​ခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade - 9 အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူမည်သူမဆို တက်ရောက်သင်ကြားနိုင်ပြီး သုံးနှစ်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်း​ဆင်းအောင်လက်မှတ်ရပါက သက်ဆိုင်ရာဌာနများသို့ အလုပ်လျောက်ထားနိုင်မည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းများသို့ အလုပ်ဝင်ရောက်နိုင်ခြင်း၊ ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက်တက္ကသိုလ်များ၊ သိပ္ပံများသို့ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်ခွင့်ရရှိမည်​ဖြစ်ကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)