အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


MNP ၊ မေ   ၂၂

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ (MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကျောင်းသုံးကျောပိုးအိတ်နှင့် ဝတ်စုံများ၊ ဆန်များ၊ ကျောင်းသုံးကျောပိုးအိတ်များ၊ ငါးခြောက်အိတ်များ၊ ကြက်သွန်နီအိတ်များ၊ ကြက်သွန်ဖြူအိတ်၊ ငရုပ်သီးခြောက်အိတ်များ၊ ခေါ်က်ဆွဲခြောက်အိတ်များကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ၃ ကြိမ် ပို့ဆောင်ပေးခဲ့သည်။


အလားတူ ယမန်နေ့ကလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ သံဃာတော် အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ စောင်၊ ခြင်ထောင်များ၊ ဆေးပစ္စည်းမျိုးစုံ၊ ခေါက်ဆွဲခြောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မိုးကာလိပ်များ၊ ဆန်အိတ်များ၊ စားအုန်းဆီများ၊ အာလူးအိတ်များ၊ ကြက်သွန်နီအိတ်များ၊ ငါးသေတ္တာဘူးများ၊ ငါးပိဘူးများ၊ လက်ဖက်အကြော်စုံ အိတ်များ၊ သွပ်/အိမ်ရိုက်သံများ၊ ဆိုလာ၊ ဘတ္ထရီ၊ အင်ဗာတာ၊ မိုးကာတဲပြင် ပစ္စည်းများ၊ တာပေါ်လင်စများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၈ ကြိမ် ပို့ဆောင်ပေးခဲ့သည်။


အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)