ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေးပစ္စည်းများပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေးပစ္စည်းများပေးပို့



MNP ၊  မေ   ၂၂

ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ က သင်္ဘောနှစ်စင်းဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သဘောဝဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ကွန်ကရစ်မီးတိုင်များ၊ ထရန်စဖော်မာများ၊ လျှပ်စစ် ကေဘယ်လ်ကြိုးများ၊ သစ်ခွဲသားများ၊ မိုးကာတဲများ၊ မိုးကာများ၊ သွပ်များ၊ အိမ်ရိုက်သံများ၊ ဘိလပ် မြေအိတ်များ၊ မြေတူးစက်နှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ ရေသန့်ဆေးများ၊ ဆန်အိတ်နှင့် ခေါက်ဆွဲခြောက်များ အပါအဝင် ကူညီကယ်ဆယ်ရေးပစ္စည်းများအား ရန်ကုန်မြို့ The Myanmar Terminal  (TMT) ဆိပ်ကမ်းတံတား၌ တင်ဆောင်ပြီးနောက် MV.SUN  SHINE နှင့် MV.FORTUNE သင်္ဘောနှစ်စင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့သို့ ထွက်ခွာသွားပြီး MV. AQUARIUS သင်္ဘောသည် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်၍ စစ်တွေမြို့သို့ မေ ၁၉ ရက်က ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment