ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ အချို့ထိခိုက်ဒဏ်ရာရရှိ






နေပြည်တော် မေ ၁၅

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မေလ ၁၄ ရက်နေ့တွင် တိုက်ခိုက်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၄ ခု၌ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ လေဆိပ်နားနေဆောင် ၁ လုံး၊ လမ်းမီးတိုင် ၈ တိုင်၊ ထရန်စဖော်မာ ၁ လုံးနှင့် အုတ်တံတိုင်း ၁ ခု ၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၅ ခု၌ လူနေအိမ် ၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၂ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇ ခု၌ လူနေအိမ် ၁ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၃ တိုင်၊ လမ်းမီးတိုင် ၁ တိုင်၊ အုတ်တံတိုင်း ၃ ခု၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၇၂ ခု၌ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေးတာဝါတိုင် ၂ တိုင်၊ လမ်းမီးတိုင် ၁ တိုင်၊ ဆိုင်းဘုတ် ၁ ခု၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၄ ခု၌ လူနေအိမ် ၂ လုံး၊ လမ်းမီးတိုင် ၉ တိုင်၊ အုတ်တံတိုင်း ၃ ခုနှင့် ဒေသခံပြည်သူများ၏ စိုက်ခင်း ၇၈ ခင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌ သာသနိကအဆောက်အဦ ၄ လုံး၊ ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၈၅ ခု၌ လူနေအိမ် ၅၈၈ လုံး၊ သာသနိကအဆောက်အဦ ၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၉ လုံး၊ ဈေး ၁ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင်၊ လမ်းမီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၂၆ လုံး၊ အခြားပျက်စီးမှု ၁၈၁ ခု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၅ ခု၌ လူနေအိမ် ၁၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၄ ကျောင်း၊ ဆက်သွယ်ရေးတာဝါတိုင် ၁ တိုင်၊ လမ်းမီးတိုင် ၃၆ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အဦ ၆ လုံး၊ ဘောလုံးကွင်း ၁ ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ခု၌ လူနေအိမ် ၁၃၁ လုံး၊ သာသနိကအဆောက်အဦ ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅ လုံး၊ လမ်းမီးတိုင် ၉ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူ စစ်တွေမြို့ ၁ ဦး၊ တောင်ကုတ်မြို့ ၁ ဦး၊ ရေကြည်မြို့ ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် အသေးစိတ်ထပ်မံစစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကသွားရောက်၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)