ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍ လုပ်ငန်းရှင်များထံသို့ မတည် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍ လုပ်ငန်းရှင်များထံသို့ မတည် ထောက်ပံ့ငွေများ ပေးအပ်






MNP ၊ မေ  ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍ လုပ်ကိုင်ဆောင်ရွက်သူ လုပ်ငန်းရှင်များထံသို့ မတည်ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်နှင့် စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေတို့က တက်ရောက် လာသော ပြည်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍလုပ်ငန်းရှင်များအား မတည်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး‌ပြောကြားသည်။


ထို့နောက် ပြည်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ပြည်မြို့နယ်မှ MSMEs လုပ်ငန်းရှင် (၁၈)ဦးနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင် (၆)ဦးတို့ထံ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေများကို ကဏ္ဍအလိုက် အသီးသီး ပေးအပ်သည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့နယ်တွင် "အသေးစား၊ အငယ်စားနှင့် အလတ်စား" MSMEs စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါကဏ္ဍများ ဖွံ့ဖြိုးတိုးတက်‌လာ စေရန်ရည်ရွယ်၍ ယခုနှစ် ဇန်နဝါရီလ တတိယပတ်က ပြည်မြို့၌ MSMEs ဒေသထုတ် ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲတို့ကိုလည်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကိုဆက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)