MNP ၊ မေ ၁၇
Myanmar Brilliance Auto Co,Ltd ၏ EV Charging Station ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေး ပြေးကွင်းနှင့် မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးကွင်းတို့၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက Charging Station ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆိုင်းဘုတ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး Charging Station အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost

No comments:
Post a Comment