လူငယ်တွေကို ကြေးစားလူသတ်သမားများအဖြစ် အသုံးချနေတဲ့ NUG - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်တွေကို ကြေးစားလူသတ်သမားများအဖြစ် အသုံးချနေတဲ့ NUG





ရက်စက်လှချည်လား၊ ယုတ်မာလှချည်းလား !!!

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်လိုက်တိုင်း "ရက်စက်လှချည်လား၊ ယုတ်မာလှချည်းလား" လို့ အာမေဋိတ်ပြုရင်း ဒေါသတွေကို မြိုသိပ် သတ်ပြင်းတွေ အခါခါချရင်း ရေငုံနှုတ်ပိတ်နေခဲ့ကြရပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ဘယ်လိုနည်းနဲ့ သတ်နေတာလဲဆိုရင် သူတို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားများထံ သူတို့ သတ်စေလိုတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အချက်အလက်၊ ဓာတ်ပုံနဲ့တကွ ပေးပို့ပြီး ပစ်ခတ်သတ်ဖြတ်ပေးတဲ့ အကြမ်းဖက်သမားကို ၅သိန်း၊ အခြေအနေ ကြည့်ရှုပေးတဲ့ သူကို ၁သိန်း ပေးပြီး သတ်ခိုင်းနေတာပါတဲ့။

၂၀-၅-၂၀၂၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Yangon Revolution Force-YRF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG တို့ရဲ့ သြဇာခံ YRF အမည်ခံ အကြမ်းဖက်အဖွဲ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ တစ်ဦးတည်းကို လုပ်ကြံသတ်ဖြတ်ခဲ့တာ မဟုတ်ပါဘူး။ အခြားသော သူတို့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ပေါင်းများစွာ ရှိပါသေးတယ်။


YRF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကတော့ -

အဖွဲ့ခေါင်းဆောင် ဥက္ကာလင်းယံ နှင့် Jame တို့၏ ခိုင်းစေမှုဖြင့် ရန်ကုန်မြို့ အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ကြောင်း-


၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏စေခိုင်းမှုဖြင့် မရမ်းကုန်းမြို့ နယ်၊ အမှတ် (၇) ရပ်ကွက်၊ တေးနုယဉ် လမ်းနေ Mytel ရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးသိန်းအောင် နှင့် ဇနီးဖြစ်သူဒေါ်သိမ့်အောင်သူတို့အား ပစ္စတိုဖြင့်ပစ်ခတ်လုပ်ကြံ သတ်ဖြတ် ခဲ့ကြောင်း။


၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(၃)လမ်းပေါ်၌ အပြစ်မဲ့ပြည်သူ ဦးမင်းသိန်း(ခ)အရှည်ကြီး အားပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဇွန်လ ၂၅ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျားကြီး တို့သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ ၏ စေခိုင်းမှုဖြင့် ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဇူလိုင်လ ၁ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု(၄)လမ်း၊ “ပြည့်ဝမေ” လက်ဖက်ရည်ဆိုင်ရှေ့တွင် အပြစ်မဲ့ပြည်သူ ဦးတင့်လွင် အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှု့ပေးခဲ့ကြောင်း။


ဩဂုတ်လ ၃ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏ စေခိုင်းမှုဖြင့် ရွှေပြည်သာ မြို့နယ်၊ အမှတ် (၁၆)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဝင်းနိုင် အား ပစ္စတိုဖြင့်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ပန်းအေး(ခ)ကိုမျိုးမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


အောက်တိုဘာလ ၂၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် မင်းဆက်(ခ)အောင်သူဟန် တို့ ၂ ဦးသည် ဖမ်းဆီးရန် ကျန်တရားခံ များဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏ စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စကားဝါလမ်းနှင့် သဇင် လမ်းထောင့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးစိုး အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ) Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှု့ပေးခဲ့ကြောင်း။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်တွင် အာကာထက်ကျော်(ခ) အောင်သုခနှင့်ဖမ်းဆီးရန်ကျန်တရားခံ စောဟင်နရီထူး(ခ)အောင်လ တို့ ၂ ဦး သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ၏စေခိုင်းမှုဖြင့် သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းတွင် စစ်မှုထမ်းဟောင်း ဦးအောင်ညီထွန်း နှင့် အပြစ်မဲ့ပြည်သူများ ဖြစ်သောဦးအောင်မျိုးဆွေ၊ ဦးခင်မောင်သိန်း တို့ ၃ ဦးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ကျော်လွင်ဦး၊ ချစ်ကိုကို၊ ရဲကျော်ပိုင်(ခ)မောင်ကြီး နှင့် ငြိမ်းမောင်(ခ)ငြိမ်ချမ်းအောင် တို့ ၄ ဦးမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း ဖမ်းဆီးရမိပြီး ထွက်ဆိုချက်တွေအရ သိခွင့်ရခဲ့ပါတယ်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဖြစ်တဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်က အင်မတန် ကြောက်ဖို့ကောင်းတယ်။ သူတို့ရဲ့ ပါးစပ်ဖျားမှာတော့ ပြည်သူဆိုတာကို ပါးစပ်ဖျားကမချ ပြောနေပေမယ့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး သတ်ဖြတ်ခဲ့ကြတယ်။ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေဆီက ရသမျှ အထောက်အပံ့ကို ယူတယ်။ သူတို့ကို အားပေးထောက်ခံပြီး သူတို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမား ခွေးဝဲစားတွေကို အကြမ်းဖက်သင်တန်း တက်ခိုင်းတယ်။ မြို့ပြတွေမှာ ပြန်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ဒလန်၊ စစ်ခွေး ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး သတ်ခိုင်းတယ်။ ကောင်းရောင်း ကောင်းဝယ် သမားအာဇီဝကျကျ လုပ်မစားချင်တဲ့ PDF အကြမ်းဖက်သမားတွေဟာ ၅သောင်းပေးရင် ဗုံးခွဲပေးတယ်။ ၅သိန်းရရင် လူသတ်ပေးတယ်။ လူအသိစိတ်မှ ရှိကြသေးရဲ့လား၊ ခွေးတိရစ္ဆာန်တွေထက်ပိုပြီး ယုတ်မာရိုင်းစိုင်းလွန်းတဲ့ သတ္တဝါတွေလို မြင်တွေ့နေရတယ်။


အထက်ဖော်ပြပါ YRF အမည်ခံ အကြမ်းဖက်အဖွဲ့ဆိုတာ ကရင်လက်နက်ကိုင် KNLA နယ်မြေမှာ ခိုလှုံပြီး အကြမ်းဖက်သင်တန်းတက်ခဲ့ကြသူတွေ ဖြစ်တယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NLD ဦးဆောင်သူတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကြောင့် အရိုင်းစိတ်ဝင်ကုန်တဲ့ ဗမာတွေကို အသုံးချပြီး ဗမာလူမျိုးအပေါ် လူမျိုးရေးအမုန်းတရားရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ ကချင်လက်နက်ကိုင်အဖွဲ့အစည်း က အကြမ်းဖက်သင်တန်းပေးပြီး ဗမာအချင်းချင်း ပြန်သတ်ခိုင်းလိုက်တာပါပဲ။ ဗမာလူမျိုးအပေါ် အမုန်းတရားတွေရှိနေတဲ့ KNLA, KIA လို အဖွဲ့တွေအတွက် အရင်းမစိုက် လှေထိုးလိုက် ဆိုသလို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို အဟုတ်ကြီးထင်ပြီး အရိုင်းစိတ်ဝင်နေတဲ့ ဗမာတွေ သူတို့ဆီ ရောက်လာတယ်။ အကြမ်းဖက်သင်တန်းပေးတဲ့အတွက်လည်း အကျိုးအမြတ် ရတယ်။ လက်နက်ရောင်းရတဲ့အတွက်လည်း အကျိုးအမြတ် ရတယ်။ ဗမာတွေ အချင်းချင်းသတ်လို့ အသေဆိုးနဲ့ သေ၊ သူတို့အတွက်တော့ အဘက်ဘက် က အမြတ်ထွက်နေတာပေါ့။


သူတို့ကို ဘယ်အပြစ်တင်လို့ရပါ့မလဲ။ ဗမာလူငယ်တွေက အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတော့ သူတို့တွေရဲ့ အသုံးချခံ ဖြစ်ရတာပဲ။ CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းခဲ့တဲ့ NLD ဦးဆောင်သူတွေဟာ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေနဲ့ ချိတ်ဆက်တယ်။ ရသမျှ အထောက်အပံ့ကို ဖန်တီးရယူတယ်။ အထောက်အပံ့ယူထားပြီးဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ရမှာက သူတို့ တာဝန်ဖြစ်လာတယ်။ ငွေယူပြီး ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ မလုပ်ဘူးဆိုရင်လည်း ရေရှည်မှာ အထောက်အပံ့မရနိုင်ဘူး။ ဆိုတော့ သူတို့အနေနဲ့ သတ်ဖြတ်ဖို့ လွယ်ကူတဲ့ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ပြပြီး မြန်မာပြည်မှာ တည်ငြိမ်အေးချမ်းမှု မရှိပါဘူးလို့ တစ်ဖက်ကို လုပ်ကွက်ပြရတာပေါ့ဗျာ။ ပြည်သူတွေရဲ့ အသက်ကို ရောင်းစားပြီး ကိုယ်ကျိုးရှာနေကြတဲ့ ပြည်ဖျက်မိစ္ဆာစစ်စစ်ကြီးတွေပေါ့။


ရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ ကို လုပ်ကြံသတ်ဖြတ်ဖို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NLD ဦးဆောင်သူတွေက ဘယ်လို ခိုင်းစေခဲ့သလဲ ဆိုရင် -

၂၀၂၃ ခုနှစ်၊ ဧပြီလပထမပတ်တွင် ဖမ်းဆီးရန်ကျန်တရားခံ Jame မှ ရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ နှင့်ပတ်သက်သည့် အချက်အလက်များနှင့် ဓာတ်ပုံများအားပေးပို့ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန်စေခိုင်းခဲ့ကြောင်း၊ သို့ဖြစ်၍ ဇင်မျိုးဦး (ခ)Flash(ခ)သားငယ် နှင့် စိုးသူ (ခ)Red(ခ)ကောင်းဝေ တို့မှ ဦးစိုင်းကျော်သူအား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ရန်၊ မင်းဆက်(ခ) အောင်သူဟန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ဘိုမက်တို့မှ အခြေအနေစောင့်ကြည့်ပေးရန်တာဝန်ခွဲဝေခဲ့ပြီး ဦးစိုင်းကျော်သူ ရန်ကုန်မြို့ သို့ လာရောက်ချိန်တွင် သွားလာ တတ်သည့် နေရာများ၊ ဦးစိုင်းကျော်သူ၏ ဇနီး အလုပ်လုပ်သည့် “အောင်ရတနာ” အထူးကုဆေးရုံဝန်းကျင်ရှိ ဝင်လမ်း/ထွက်လမ်း နေရာများ အချိန်ယူ၍ ကြိုတင်အခြေအနေ ကြည့်ရှုခဲ့ကြောင်း၊ ဧပြီလ ၂၂ ရက်တွင် ဦးစိုင်းကျော်သူသည် “အောင်ရတနာ” အထူးကုဆေးရုံမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ ဝေဇယန္တာလမ်းပေါ်၌ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် စိုးသူ(ခ)Red(ခ)ကောင်းဝေ တို့မှ ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး မင်းဆက် (ခ)အောင်သူဟန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ဘိုမက်တို့မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်။


အဲဒီလို လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ YRF အဖွဲ့ကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NLD ဦးဆောင်သူတွေက ဘယ်လို ပေးသလဲဆိုရင် - YRF အဖွဲ့ခေါင်းဆောင် Jame သည် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေအတွင်း ခိုအောင်းနေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH, NUG တို့နှင့်ချိတ်ဆက်၍ ငွေကြေးကူညီ ထောက်ပံ့မှုများရယူကာ လက်နက်/ခဲယမ်းများဝယ်ယူ၍ ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH, NUG တို့သည် ၎င်းတို့လုပ်ကြံသတ်ဖြတ် လိုသူများ၏ အချက်အလက်များ၊ ဓာတ်ပုံများကို ဖမ်းဆီးရန်ကျန်တရားခံ Jame မှတစ်ဆင့် ပေးပို့စေခိုင်းလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်လျှင် ပစ်ခတ်လုပ်ကြံ သူအား ငွေကျပ် ၅ သိန်း၊ အခြေအနေ ကြည့်ရှုပေးသူအား ငွေကျပ် ၁ သိန်း ထောက်ပံ့ပေးကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၀၀ တောင့်တို့အား ဖမ်းဆီးရန်ကျန်တရားခံ Jame မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။


အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၀၀ ကျော်အထိ ပြည်ပြေး ဝရမ်ပြေး ပြည်ဖျက်မိစ္ဆာ NLD ဦးဆောင်သူတွေက သတ်ဖြတ်ခဲ့ကြပြီးပြီ။ သူတို့ရဲ့ သြဇာခံ ခွေးဝဲစား PDF အကြမ်းဖက်သမားတွေဟာလည်း လူတစ်ယောက်ရဲ့ အသက်ကို ၅သောင်း၊ ၁သိန်း ရရင်ကို သတ်ချင် ဖြတ်ချင်နေကြတာ။ NLD ဦးဆောင်သူတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုကြောင့် လူငယ်တွေမှာ ကြေးစားလူသတ်သမား အကြမ်းဖက်သမားတွေ ဖြစ်ကုန်ကြပါပြီ။


အသိဉာဏ်ဆင်ခြင်တုံတရား မရှိတဲ့သူတွေကို ဘယ်လိုမှ ဖြောင်းဖျပြောဆိုလို့ မရနိုင်ဘူးဗျာ။ ပြည်သူကို လိုသလို အသုံးချ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို စတေးပြီး ကိုယ်ကျိုးရှာနေကြတဲ့ NLD ဦးဆောင်သူများရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိသော စေတနာဟာ စေတနာကောင်း မဟုတ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာဆိုးယုတ်လွန်းသူတွေလို့ ပြောရတော့မှာပေါ့ဗျာ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NLD ဦးဆောင်သူတွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ သူတို့ရဲ့ သြဇာခံ ခွေးဝဲစား PDF တွေကတော့ လူတွေပါလို့ ပြောဖို့ မတန်တော့လောက်အောင်ကို ယုတ်မာရိုင်းစိုင်းလွန်းတာ ဖြစ်တဲ့အတွက်ကြောင့် အထူးအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ အကြမ်းဖက်အန္တရာယ်ကို မလစ်ဟင်းသော သတိတရားနဲ့ သတိပြုရှောင်ရှားကြပါ။ ပြည်သူများအနေနဲ့လည်း ပြည်ဖျက်မိစ္ဆာများ နှိမ်နင်းရေး၊ ခွေးဝဲစား PDF အကြမ်းဖက်သမားများ နှိမ်နင်းရေးကို တာဝန်သိ စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ နှိုးဆော်ရင်းဖြင့်သာ  . . . . .။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)