မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်အား မိုင်းဆွဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်


MNP ၊ မေ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခရီးသည်တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိပြီး မော်တော်ယာဉ်လေကာမှန်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့မှ ကမ္မမြို့ဘက်သို့ ခရီးသည် မော်တော်ယာဉ် ၁ စီးသည် ခရီးသည်များတင်ဆောင်လျက် ကမ္မ-ပခုက္ကူလမ်း အတိုင်း ထွက်ခွာလာခဲ့ရာ ကန်တော်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများက ကောက်ကျစ်ယုတ်မာစွာဖြင့် ခရီးသည်တင်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လိုက်ပါလာသော ခရီးသည် ၁ ဦးမှာ မှန်စထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မော်တော်ယာဉ်၏ ယာဘက် လေကာမှန် ၁၀ ချပ်မှ ာကွဲကြေပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)