ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်‌များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားရာ နေအိမ် ၂၀လုံး မီးလောင်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်‌များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားရာ နေအိမ် ၂၀လုံး မီးလောင်ပျက်စီး

 


MNP ၊ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ် များအား PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီး ခဲ့ရာ နေအိမ် ၂၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ချောင်းဦးမြို့အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များအား ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မြန်မာ့စီးပွားရေးဘဏ်၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာမှနေ၍ လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်အောင်မြေရပ်ကွက် အတွင်းရှိ လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိ ရသည်။

မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် မနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးခဲ့သည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)