MNP ၊ မေ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ်တွင် PDFအကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူ၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်ပြေး ဝရမ်းပြေးတို့၏ လှုံ့ဆော်မှုများကို လိုက်ပါရေးသား ဖြန့်ဝေသူ ၃ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ တင်းဂတ်ကျေးရွာအနီး ပခုက္ကူ-ပေါက်ကားလမ်းတွင် ယမန်နေ့ နံနက်ပိုင်းက လူ/ယာဉ်သွားလာမှုများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိစဉ် ပေါက်မြိုဘက်မှ မောင်းနှင့်လာသော သုံးဘီးဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ကျော်ဇင်ဖြိုး(ခ)မိုးဒီသည် PDF အကြမ်းဖက်သမားများနှင့် ပတ်သက် ဆက်နွယ်လျက်ရှိကြောင်း ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်း သက်သေ အထောက်အထားများနှင့်အတူ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးအဖွဲများက စစ်ဆေးမှုများပြလုပ်နေစဉ် သုံးဘီးဆိုင်ကယ် ၁ စီးအား ထပ်မံစစ်ဆေးခဲ့ရာမှ ယာဉ်ပေါ်တွင် လိုက်ပါလာသော မင်းမင်းထိုက်(ခ) မင်းထိုက်သည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် PDF အကြမ်းဖက်သမားများကို အားပေးထောက်ခဲ့သည့် စာများ၊ video ဖိုင်များအား ဖြန့်ဝေလျက်ရှိကြောင်း ၎င်းဖုန်းအတွင်း သက်သေအထောက်အထားများနှင့်တကွ စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲများက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့အတူ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ပခုက္ကူမြိုဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးအဖွဲ့များက လှည့်ကင်းဆောင်ရွက်နေစဉ် ကျွဲတဲကျေးရွာအနီးတွင် ဈေးကား ၁ စီးအား တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော အောင်ချမ်းသာ(ခ)အောင်ကောင်းစံသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေ လျက်ရှိကြောင်း ၎င်းကိုင်ဆောင်သည့်ဖုန်းအတွင်း သက်သေအထောက်အထားများနှင့်အတူ တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment