(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပေါင်မြို့နယ်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပေါင်မြို့နယ်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ မေ ၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကျွဲခြံကျေးရွာ၊ မဟာအတုလအောင်တော်‌မူစေ‌တီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။ 


စုပေါင်းသန့်ရှင်းရေးကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကို ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မိသားစု စည်းရုံးရေးနှင့် စည်း ကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ စုပေါင်း၍ စေတီတော်ရင်ပြင်နှင့်ဘုန်းကြီးကျောင်းဝင်အတွင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပြီး ဘုရားပန်းများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြပြီး ရေသပ္ပါယ်ပူဇော်ခြင်းနှင့်ပရဝုဏ်အတွင်းသန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)