MNP ၊ မေ ၂
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မေလ (၂)ရက်နေ့ နံနက် ပိုင်းမှစတင်ကာ အသက်(၂)နှစ်အောက်ကလေးငယ် များနှင့်ကိုယ်ဝန်ဆောင်မိခင်များအားကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများကအသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ကြက်ညှာ၊ ဆုံဆို့၊ပိုလီယိုသောက်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ဘီစီဗွီ)၊ မေးခိုင်၊ အသည်းရောင်(ဘီ)၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊HIV ရောဂါပိုးရှိ/မရှိ စမ်းသပ်ခြင်းများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်းကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment