MNP ၊ မေ ၂
ရှေးဦးစွာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အတွင်းရှိ သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊လေးမျက်နှာ ဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ၌ မီးဘေး၊လေဘေး၊ရေဘေး ကပ်ကြီး (၃)ပါးမှ ကင်းဝေးစေရန် ရည်ရွယ်၍ ရှင်ဥပဂုတ္တမထေရ်မြတ် ပင့်ဖိတ်ခြင်းကို ယနေ့ နံနက် ၄ နာရီအချိန်က သျှစ်သောင်းဂေါပက ဥက္ကဌ ဦးစောရွှေမောင် နှင့် အဖွဲ့က ပင့်ဖိတ်ပူ ဇော်ခဲ့ကြသည်။
ထို့နောက် အသံမစဲပဌာန်းပွဲ ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ သျှစ်သောင်းဂေါပကဥက္ကဌ ဦးစောရွှေမောင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ပြည်သူများ တက်ရောက်ကြသည်။
ထို့နောက် သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ် ၊ လေးမျက်နှာဘုရားများ ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကို အသံမစဲပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲတွင် ကြွရောက်တော် မူလာ ကြကုန်သော ဆရာတော်သံဃာတော် အရှင်သူမြတ် များနှင့်ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွက်ဆိုကာ ဘုရားရှင်အားရှိခိုးကန်တော၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြောက်ဦးမြို့၊ ဗုဒ္ဓဂုဏ်ရည်ကျောင်းဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် မြတ်စွာဘုရားရှင်အားပင့်ဖိတ်ခဲ့ သည်။ ကြွရောက်လာကြကုန် သောလူ ပရိသတ်များက ဩကာသကထာဖြင့် ဆရာ ကန်တော ကြကာ အောင်မင်္ဂလာကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင် သူမြတ်ထံမှ လူပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြ သည်၊၊ ထို့နောက် အသံမစဲရွတ်ဖတ်ပူဇော်မည့် ပဌာန်းကျမ်းများကို အသံမစဲပဌာန်းကျမ်းပူဇော် ဖြစ်မြောက်ရေးအဖွဲ့ဝင်များမှဆရာတော်အရှင်သူမြတ်များထံဆက်ကပ်ပူဇော်ခဲ့သည်။ရတနာပုံကျောင်းတိုက် ဆရာတော် မှ နတ်ဗြဟ္မာများကို ဖင့်ဖိတ်ခဲ့ရာ မြို့သစ်ဆရာတော် အရှင် သူရိယ မှ (ပဌာန်းအမွှန်း) အားရွတ်ဖတ်ပူဇော်၍ ဆရာတော် အရှင်သူမြတ်တို့က ဧည့်ပရိတ်သတ် အပေါင်း တို့ကို ပဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ကို ရွတ်ဖတ်ပူဇော်ပြီး သိက္ခာဝါအစဉ်အတိုင်း/ အလှည့်ကျ ဆရာတော်များက အသံမစဲမဟာပဌာန်းကျမ်းမြတ်တို့ကို စတင်ရွတ် ဖတ်ပူဇော် လျှက် ရှိသည်။
သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊လေး မျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ၌ ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်)ပြိုင်ပွဲ၊ရခိုင်ရိုးရာ ကျင်ပွဲ၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ၊ ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲ များ၊ ရေပေါ်သင်္ကြန်၊ ရေပေါ်စတိတ်ရှိုး၊ ညည့်ပွဲ များဖြစ်သည့် ခေတ်သစ် ဇာတ်သဘင် ၊ ကလေးကစားစရာအရုပ်ဆိုင်များ၊ မုန့်ဆိုင် တန်းများ၊ လေနန်းတော်များ ကို မေလ ၂ရက်နေ့မှ မေလ ၆ရက်နေ့အထိ ၅ ရက်တိုင် တိုင် အထူး စည်ကား သိုက် မြိုက်စွာ ကျင်းပသွား မည်ဖြစ် ကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment