MNP ၊ မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ်" အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်ဆွေသက်အောင်က မေဒေး ခေါ် အလုပ်သမားနေ့ဆိုတာဟာ အလုပ်သမားလူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့နေ့ကြီးဖြစ်ပြီး တန်ဖိုးထားအပ်သော ကမ္ဘာ့အလုပ်သမားနေ့အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်အေးအေးစိုးက ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)သည် အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့ တစ်နေ့ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် ကျင်းပလျက်ရှိကြောင်း၊ မေဒေးပေါ်ပေါက်လာမှုဟာ ၁၉ ရာစုဆန်းလောက်မှာ အမေရိကန်ပြည်ထောင်စုက အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခဖြစ်မှုကနေစတင်ခဲ့ကြောင်း၊ အလုပ်သမားနေ့ဖြစ်ပေါ်လာခဲ့သည့် ကမ္ဘာ့သမိုင်းကြောင်းကိုပြန်ကြည့်လျှင် အခက်အခဲပေါင်းများစွာနှင့် တိုက်ပွဲအဆင့်ဆင့်ကို ဖြတ်ကျော်လာခဲ့ရသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ အလုပ်သမားများစွာ၏ အသက်ပေါင်းများစွာဖြင့် ရင်းခဲ့ရသော နေ့တစ်နေ့ဖြစ်သည်ကို တွေ့ကြရမည်ဖြစ်ပြီး ကမ္ဘာ့အလုပ်သမားလူတန်းစားများအတွက် အရေးပါသော တန်ဖိုးမဖြတ်နိုင်သော နေ့တစ်နေ့ဖြစ်ပါကြောင်း စသည့်အလုပ်သမားနေ့ဖြစ်ပေါ်လာပုံအကြောင်းများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment