မာန်အောင်မြို့၌ မုန်တိုင်းရှောင် ဆိုင်ကလုန်းShelter များတွင် ရောက်ရှိနေသောပြည်သူများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌ မုန်တိုင်းရှောင် ဆိုင်ကလုန်းShelter များတွင် ရောက်ရှိနေသောပြည်သူများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး




MNP ၊ မေ  ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မုန်တိုင်းရှောင်ဆိုင်ကလုန်းShelterများနှင့်ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊ရိပ်သာများတွင်ရောက်ရှိနေသော မုန်တိုင်းရှောင်ပြည်သူများအား မြို့နယ်စီ မံအုပ်ချုပ်ရေးဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးနှင့်အဖွဲ့တို့ကယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


    ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် မုန်တိုင်းရှောင် ဆိုင်ကလုန်းShelterများနှင့် ဘုန်းတော်ကြီးကျောင်း၊စာသင်ကျောင်း၊ရိပ်သာများတွင်ရောက်ရှိနေသောမုန်တိုင်းရှောင် ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့ထားမှု လုံလောက်မှုရှိ/မရှိစစ်ဆေးပြီး ကျန်းမာရေးကိစ္စရပ်များ၊မုန်တိုင်း တိုက်ခတ်နေစဥ် ဆောင်ရန်၊ရှောင်ရန်အချက်များ အားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ပေးကာအားပေးစကားများ ပြောကြားခဲ့​သည်။


    မာန်အောင်မြို့နယ်တွင် မုန်တိုင်းရှောင်ဆိုင်ကလုန်းShelter(၁၀)ခုနှင့်ဘုန်းတော်ကြီးကျောင်းစာသင်ကျောင်း၊ရိပ်သာများတွင် ခိုလုံနေကြသည့်အိမ်ထောင်စု(၃၇၃၃)စု၊ကျား(၇၃၃၆)ဦး၊မ( ၇၇၉၃)ဦး၊စုစုပေါင်း(၁၅၁၂၉)ဦးရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)