ပေါင်မြို့နယ်တွင် စပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးအကြောင်း အသိပညာပေး ( Talk Show )ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် စပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးအကြောင်း အသိပညာပေး ( Talk Show )ပြုလုပ်ကျင်းပ



MNP ၊ မေ  ၁၆

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် စပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးအကြောင်း    အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး  စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်လေးလေးမွန်က  မျိုးကောင်းမျိုးသန့်များ၏ အကြောင်းအရာများ၊မျိုးကောင်းမျိုးသန့်ကိုစိုက်ပျိုးခြင်းဖြင့်အထွက်နှုန်းမြင့်၍အ‌ရည်အသွေးကောင်းမွန်ခြင်း၊တစ်ဧကအထွက်နှုန်းပိုမိုမြင့်မားလာခြင်း၊အထွက်နှုန်းမြင့်မားလာစေရန် မျိုး၊မြေ၊စိုက်စနစ် ကောင်းမွန်ခြင်းစသည့်အဓိကဖြစ်သည့်အတွက် တောင်သူများအနေဖြင့်ဗီဇကောင်းသည့်မျိုး၊ဗီဇကောင်းသောမျိုးကိုသန့်အောင်ပြုလုပ်ခြင်းဖြင့်အထွက်နှုန်း သိသိသာသာတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း စသည့် တောင်သူများ သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)