ပေါင်မြို့နယ် တွင်ကဆုန်လပြည့်နေ့ကိုကြိုဆိုဂုဏ်ပြု‌ ‌‌ သောအားဖြင့် လူထုအခြေပြုဗဟိုဌာနတွင် ကဆုန်လပြည့်နေ့ အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ် တွင်ကဆုန်လပြည့်နေ့ကိုကြိုဆိုဂုဏ်ပြု‌ ‌‌ သောအားဖြင့် လူထုအခြေပြုဗဟိုဌာနတွင် ကဆုန်လပြည့်နေ့ အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊ မေ ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီက  ကဆုန်လပြည့်နေ့အကြောင်း  အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် ဗုဒ္ဓနေ့ဖြစ်သည့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကျင်းပရခြင်း၏ ကောင်းကျိုးများ၊ဆယ်နှစ့်လရာသီပွဲတော်များနှင့် ထူးမြတ်သည့်ကဆုန်လပြည့်‌ နေ့အကြောင်းအရာများကိုပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှုး ဒေါ်ခင်မာလာအောင် က မြန်မာ့ဆယ်နှစ်လရာသီများထဲတွင်ကဆုန်လသည် ဒုတိယမြောက်လဖြစ်ပြီ ဗြိဿရာသီ ဝိသခါနက္ခတ်နှင့်ယှဉ်၍ စကားဝါပန်းများပွင့်သည့်ရာသီဖြစ်ပါကြောင်း၊ပူပြင်းသည့်နွေရာသီဖြစ်၍ ဗောဓိညောင်ပင်အားရေသွန်းလောင်းပူ‌ ဇော်ခြင်းဖြစ်ကြောင်း၊ ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းရခြင်း၏အကျိုးကျေးဇူးများ စသည့်  အကြောင်းအရာများကို   အကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)