တုံတာမြို့၌ "လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်အကြောင်း" အသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တုံတာမြို့၌ "လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်အကြောင်း" အသိပညာပေး Talk Show ဆောင်ရွက်


MNP ၊ မေ  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ် အကြောင်း အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှုအစီစဉ်ကို ယနေ့နံနက် (၈) နာရီချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


“လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “လူငယ်တွေဟာ အနာဂတ်ခေါင်းဆောင်တွေပါ။ သူတို့ကို မွေးဖွားပေးလို့မရသော်လည်း လေ့ကျင့်ပေးလို့ရပါတယ်၊ ခေါင်းဆောင်ဆိုတာ မွေးဖွားတာမဟုတ်ပါ၊ ပျိုးထောင်ပေးခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်မှုစိတ်ဓာတ်က ကိုယ့်ကိုယ်ကိုမယုံကြည်‌မှု၊ အပျက်သ‌ဘောဆောင်တဲ့ အကျင့်ဆိုး၊ အချိန်ဆွဲတတ်တဲ့ အကျင့်၊ သ‌ဘောထား သေးသိမ်တတ်တဲ့ အကျင့်၊ တစ်ကိုယ်‌ ကောင်းဆန်တဲ့ အကျင့်၊ အမြဲတမ်း No လို့ မငြင်းတတ်တဲ့ လူလိမ္မာမဟုတ်သော အကျင့်များကို မထားသင့်ပါဘူး။ အမြဲစကား‌ပြောခြင်းထက် နားထောင်တတ်ရမည်၊ ခေါင်းဆောင်တွေဆိုတာ စိတ်အေးချမ်းစွာထားပြီး သုံးသပ်စီမံတတ်ရမယ်”ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်/သံ-၃(အင်အားပြ) ဒေါ်နာခူနှင့် ငယ်/ရေး(အင်အားပြ) ဒေါ်ရောဇာတို့က အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။


အဆိုပါ “လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်”အသိပညာပေးTalk Show ရိုက်ကူးလွှင့်တင် ဆောင်ရွက်မှုအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန တုံတာမြို့ရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


အဲန်းမေရီ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)