မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှ ပြည်သူများထံ USDP ဥက္ကဋ္ဌ ဦးခင်ရီ သွားရောက် ကူညီထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှ ပြည်သူများထံ USDP ဥက္ကဋ္ဌ ဦးခင်ရီ သွားရောက် ကူညီထောက်ပံ့











MNP ၊ မေ ၂၀

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လေဘေးသင့်ခဲ့ရသည့် ရခိုင်ပြည်မှ ပြည်သူမျးအား ယမန်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြသည်နယ်ပါတီရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ် ဌဦးခင်ရီ မှ လေဘေးဒဏ်ခံခဲ့ရသော ပါတီဝင်များအား အားပေးစကားပြောကြားပြီး ပါတီဝင်များမှ မိမိတို့ ရပ်/ ကျေး အခြေအနေများနှင့် ပျက်စီးဆုံးရှုံးနေမှုများအား တင်ပြခဲ့ဆွေးနွေးမှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး  လေဘေးဒဏ်ခံခဲ့ရသော ပါတီဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပံ့ပိုးလှူဒါန်းပေးအပ်ခဲ့ကြောင်း သိ၇သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပြည်နယပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များသည် ပျက်စီးသွားသည့် ပါတီဝင်များ၏ နေအိမ်များသို့သွားရောက်ခဲ့ကြပြီး မိသားစုဝင်များအား အားပေးစကားများ သွာရောက်ပြောကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment