ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး BIMSTEC Business Conclave ၏ ဆက်စပ်ဖိုရမ်များသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး BIMSTEC Business Conclave ၏ ဆက်စပ်ဖိုရမ်များသို့ တက်ရောက်







MNP ၊ ဇွန် ၁၄

အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင် ဂုဏ်ထူး‌ဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် BIMSTEC Business Conclave ၏ ဒုတိယနေ့ဖြစ်သည့်  ယနေ့တွင် ကဏ္ဍအလိုက်ကျင်းပသော ဆက်စပ်ဖိုရမ်များသို့ တက်ရောက်သည်။


ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီအထိ Hytta Regency Kolkata Hotel ၊ Ballroom One ပြုလုပ်သည့် ဘင်းမ်စတက်စိုက်ပျိုးရေးနှင့် အစားအစာဖိုရမ်တွင် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစင်တာမှ အမှုဆောင်ဒါရိုက်တာ စီးပွား‌ရေးပညာရှင် ဒေါက်တာ ဇော်ဦးတို့က Panelist အဖြစ် ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Hytta Regency Kolkata Hotel၊ ၏ Guchhi ခန်းမ၌ ပြုလုပ်သော ကျောက်မျက်ရတနာဖိုရမ်သို့ တက်ရောက်ပြီး မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်က Panelist အဖြစ် ဆွေးနွေးသည့် အစီအစဉ်သို့ တက်ရောက်အားပေးသည်။


ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Hytta Regency Kolkata Hotel၊ Ballroom One ပြုလုပ်သည့် ဘင်းမ်စတက်အမျိုးသမီးများဖိုရမ်နှင့် Guchhi ခန်းမတွင် ပြုလုပ်သော ဘင်းမ်စတက် ပညာရေးဖိုရမ်တို့ကို တက်ရောက်အားပေးသည်။


ဘင်းမ်စတက်အမျိုးသမီးများ ဖိုရမ်တွင် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်သက်မော်နှင့် ဘင်းမ်စတက်ပညာရေးဖိုရမ်တွင် မြန်မာနိုင်ငံအမျိုးသမီး စွန့်ဦးတီထွင်သူများအသင်းဝင် Streamline Training -Learning Center တည်ထောင်သူ ဒေါ်ဝင်း အိခိုင်တို့က Panelist အဖြစ်ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)