သထုံမြို့နယ်တွင် NUG(NLD)အကြမ်းဖက်အဖွဲ့၏ သြဇာခံ KNU/PDF အဖွဲ့စွန့်ပစ်ခဲ့သော အကြမ်းဖက်သမား အလောင်း ၂လောင်းတွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် NUG(NLD)အကြမ်းဖက်အဖွဲ့၏ သြဇာခံ KNU/PDF အဖွဲ့စွန့်ပစ်ခဲ့သော အကြမ်းဖက်သမား အလောင်း ၂လောင်းတွေ့ရှိ



MNP ၊ ဇွန် ၁၄

ဇွန်လ ၁၄ ရက် နေ့လည် ၁၁ နာရီကျော်တွင် သထုံမြို့နယ်၊ ဒုံးဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ပိတ်သိမ်းထားသော PTT စက်သုံးဆီဆိုင်၏ အဆောက်အဦအတွင်း ယနေ့ ၁၁နာရီဝန်းကျင်က အကြမ်းဖက်သမား အလောင်း ၂ လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။


ဒေသခံများ၏ သတင်းပေးချက်အရ သက်ဆိုင်ရာ လုံခြုံရေးအဖွဲများက သွားရောက်စစ်ဆေးရာ မေလ ၃၀ ရက်နေ့ တပ်ယာဉ်တန်းအား NUG(NLD)အကြမ်းဖက်အဖွဲ့၏ သြဇာခံ KNU/PDF  အကြမ်းဖက်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်သောဖြစ်စဉ်တွင် တိုက်ပွဲအတွင်း ဒဏ်ရာရ သေဆုံးသွားသူ ၂ ဦးအား အကြမ်းဖက်အဖွဲ့က ပြန်မသယ်နိုင်သဖြင့် ထားခဲ့သော အကြမ်းဖက်သမား Dead body များဖြစ်ကြောင်း သိရသည်။


ပြည်ဖျက်မီဒီယာဖြစ်သည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော သတင်းဌာနများတွင် ၎င်းတို့၏ လှုံ့ဆော်မှုကြောင့် အတိဒုက္ခရောက်ခဲ့ရသော အကြမ်းဖက်သမားများ သေဆုံးနေရသည့် သတင်းများကို ထိန်ချန်ဖုံးကွယ်ထားပြီး အနိုင်ရနေသယောင် လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများ လုပ်ဆောင်နေကြသည်။ ယခု တွေ့ရှိခဲ့ရသော အလောင်းများမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကို ယုံစားမိပြီး အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ခြင်းကြောင့် လူမသိ သူမသိ သေဆုံးခဲ့ရသူများ ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)