MNP ၊ ဇွန် ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် အသင်းအဖွဲ့များပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အမှတ်(၆) ရပ်ကွက်သို့ သွားရောက်ပြီး ရေလှောင်ကန်များထဲသို့ အဘိတ်ဆေး များခတ်ခြင်းနှင့် ဘုရားစင်ပေါ်ရှိ ညောင်ရေအိုးများ၊ ပန်းအိုးများတွင်လည်း ပိုးလောက်လန်းများ မကျရောက်စေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment