မြန်မာ့သမိုင်းမှာ အဆိုးရွား အရက်ဆက်ဆုံးသော ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့သမိုင်းမှာ အဆိုးရွား အရက်ဆက်ဆုံးသော ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ


ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ဇွန် ၁၉ ရက်က ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးသို့  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံများထဲမှာလည်း အနောက်သြဇာခံ နိုင်ငံတချို့က အနောက်အုပ်စုရဲ့ အလိုကျ ရပ်တည်နေတာကို တွေ့ရပါတယ်။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း မြန်မာအစိုးရအဖွဲ့ကို ဖိတ်ကြားရမလားဆိုပြီး ကန့်ကွက်သံလေးတွေ ကြားရပါတယ်။ 

အနောက်အုပ်စုရဲ့ အလိုကျ လိုက်ပါဆောင်ရွက်နေတဲ့ နိုင်ငံများရဲ့ သဘောသဘာဝက လက်ရှိအချိန်မှာ အပြုသဘောမဆန်တာ မထူးဆန်းပါဘူး။ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ အဖွဲ့အစည်းဘက်က ရပ်တည်ပေးလိုတယ်။ အမေရိကန်နဲ့ အပေါင်းအပါတွေရဲ့ သဘောသဘာဝဖြစ်ပါတယ်။ အာဆီယံဒေသတွင်းနိုင်ငံများထဲမှာလည်း အမေရိကန်ရဲ့ အပေါင်းအပါတွေ (သြဇာခံ)တွေ ရှိနေတာကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အကြမ်းဖက်အုပ်စုဘက်ကနေ ရပ်တည်ပြောဆိုလိုတဲ့ သဘောတွေကို တွေ့မြင်ခဲ့ရပါတယ်။

၁၉-၆-၂၀၂၃ ရက်နေ့က ထိုင်းနိုင်ငံပတ္တရားမြို့မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးမှာ မြန်မာ့သမိုင်းတလျှောက် အဆိုးရွားဆုံးသော ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အုပ်ရဲ့ သရုပ်မှန်ကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့ က ပွင်းလင်းမြင်သာစွာ ချပြပေးနိုင်ခဲ့တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ပြုလုပ်ခဲ့သည့် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏မိတ်ဆွေနိုင်ငံများက မြန်မာ့အရေးအပေါ် ဆွေးနွေးအကြံပြုနိုင်ရန် အလွတ်သဘော အစည်းအဝေးကျင်းပပြုလုပ်ခြင်းကို ကြိုဆိုကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသတင်းမှန်များကို ပိတ်ဆို့ခံထားရပြီး တစ်ဖတ်သတ်သတင်းမှားများ ကမ္ဘာအနှံ့ပျံ့နှံ့နေကြောင်း၊ အထူးသဖြင့်အာဆီယံတူညီဆန္ဒ (၅) ချက်နှင့်ဆက်စပ်သုံးသပ်ကြသည်ကိုတွေ့ရပြီး မြန်မာအစိုးရ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ရည်မှန်းချက်တူညီသောကြောင့် မိမိတို့ဆောင်ရွက်ချက်များကို ထပ်မံအသိပေးလိုကြောင်း၊ အာဆီယံတူညီဆန္ဒ (၅)ချက်တွင် အဓိက (၃)ချက်ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများရပ်စဲရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲများ စတင်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးနိုင်ရေးတို့နှင့်ပတ်သက်၍ အဓိကပြောကြားခဲ့ကြောင်း သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးရဲ့ ဆွေးနွေးတင်ပြချက်မှာ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသတင်းမှန်များကို ပိတ်ဆို့ခံထားရပြီး တစ်ဖတ်သတ်သတင်းမှားများ ကမ္ဘာအနှံ့ပျံ့နှံ့နေကြောင်း ထည့်သွင်းပြောကြားသွာတာက သံတမန်များ အထူးသတိပြုရမယ့် အချက် ဖြစ်ပါတယ်။ အမေရိကန် က မွေးမြူထားတဲ့ မီဒီယာအမည်ခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ ရေးသားဖော်ပြမှုတွေကိုသာ ယုံကြည်နေရင် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုအမှန်ကို သိမြင်နိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်အစိုးရရဲ့ လက်ကိုင်တုတ်မီဒီယာတွေ ဖြစ်တဲ့ VOA, RFA အပါအဝင် ဗြိတိန်အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ BBC တို့က ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အုပ်စုနဲ့ တသားတည်းရပ်တည်ပြီး လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေ အစဉ်တစိုက် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ထို့အတူပဲ ပြည်ပြေး မီဒီယာအုပ်စုကလည်း အမေရိကန်ရဲ့ ပံ့ပိုးမှုနဲ့ပဲ ဆက်လက်ရပ်တည်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ လုပ်ကြံဖန်တီး ရေးသားဖော်ပြနေကြတာဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ ပြည်ဖျက်မိစ္ဆာတွေကြောင့် ဖြစ်ပေါ်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေပေါ် အခြေခံပြီး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အုပ်စုနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဆွေးနွေးခဲ့တာကိုပဲ အဓိကထားပြီး ကောက်နှုတ်ဖော်ပြသွားပါမယ်။ 

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့ရာမှာ -

မြန်မာတို့သည် အသက်ကို အလွန်တန်ဖိုးထားပါကြောင်း၊ အစွန်းရောက်သူ အလွန်နည်းပါးပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစ၍ (၇၅) နှစ်ကျော်လက်နက်ကိုင် တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခကြောင့် အာဆီယံ (၁၀) နိုင်ငံ၏ သေဆုံးမှုနှင့် နှိုင်းယှဉ်လျှင် (၃) ရာခိုင်နှုန်းအောက်တွင်သာ ရှိပါကြောင်း၊ လွန်ခဲ့သည့် (၂) နှစ်ကျော် ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူ၍ EAO အချို့က ကိုဗစ်ကာလ စီးပွားရေး၊ လူမှုရေးအခက်အခဲကြောင့် စိတ်ထိခိုက်ခံစားလွယ်သော လူငယ်များအား PDF အဖြစ် သင်တန်းပေး လက်နက်တပ်ဆင်ပြီး နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေသော ပြည်တွင်းဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်အောင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင်လည်း တပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ soft target ဖြစ်သည့် လက်နက်မဲ့ပြည်သူများကို အနိုင်ကျင့် သတ်ဖြတ်နေခြင်းသာဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်ပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်း၊ စစ်မှုထမ်းဟောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများသည် အာဆီယံတူညီဆန္ဒ (၅)ချက် ထုတ်ပြန်ပြီးမှ ပေါ်ပေါက်လာသည့် အဖွဲ့များဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပရောက် NUG အဖွဲ့သည် ပြည်တွင်းရှိ PDF များကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ပြီး အကြမ်းဖက်လုပ်ငန်းများ စေခိုင်းနေကြောင်း၊ ကျောင်းများ၊ ဆေးရုံများ၊ ရုံးများပိတ်ရန် မလိုက်နာပါက သတ်ဖြတ်အရေးယူရန် NUG ဝန်ကြီးဆိုသူများက ညွှန်ကြားပြီး PDF များက ဘုန်းတော်ကြီး ၆၉ ပါး၊ ကျောင်းသားကလေးငယ် ၁၈၇ ဦး၊ ဆရာ ဆရာမ ၇၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ စစ်မှုထမ်းဟောင်းများ၊ ဆန့်ကျင်ဘက် ပါတီဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် နိုင်ငံ့ဝန်ထမ်း ၉၅၃ ဦး စသည့် လက်နက်မဲ့ပြည်သူများ ၅၈၄၆ ကျော်ကို ဥပဒေမဲ့သတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုကို အကာအကွယ်ပေးရန် အစိုးရတွင်တာဝန်ရှိ၍ ဥပဒေနှင့်အညီ ပြန်လည်တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်သည် စနစ်တကျဖွဲ့စည်းထားပြီး အတွေ့အကြုံနှင့် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်၍ သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိပါကြောင်း၊ အင်အားသုံးချေမှုန်းမှုက မိမိတို့နိုင်ငံသားများသာ များစွာသေကျေဒဏ်ရာရကြမည်ဖြစ်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းရေးကိစ္စများကို ‌အေးချမ်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်လည်း ကြေညာထားကြောင်း၊ မုဒိမ်းမှုနှင့် လူသတ်မှုမှအပအခြားရာဇဝတ်မှု ကျူးလွန်ခြင်းများကိုပါ လွတ်ငြိမ်းခွင့်ပေးထားကြောင်း၊ ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး နိုင်ငံရေးပါတီဖွဲ့စည်းခွင့်လည်းပြုထားကြောင်း၊ တိုက်ခိုက်မှုများ လျှော့ချရေး နှင့် အားလုံးပါဝင်ဆွေးနွေးခွင့်ရရှိရေးအတွက် လမ်းအားလုံးဖွင့်ပေးထားပြီးဖြစ်ကြောင်း၊ မုဒိမ်းမှုနှင့်လူသတ်မှုကို ကင်းလွတ်ခွင့်မပေးခြင်းမှာ ကျူးလွန်ခံရသူမိသားစုများ၏ ဆန္ဒကိုမျက်ကွယ်ပြုရန်မသင့်သော ကြောင့်ဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ NLD ပါတီက ပေါက်ဖွားလာတဲ့ CRPH, NUG, PDF တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို ပြည်ထောင်စုဝန်ကြီးက ကွက်ကွက်ကွင်းကွင်း ချပြဆွေးနွေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တပ်မတော်အနေနဲ့ လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိပါလျက်နဲ့ အကြမ်းဖက်သမားများကို အနည်းဆုံးအင်အားနဲ့ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နေခြင်းကြောင့် လက်နက်မဲ့ ပြည်သူများမှာ နေ့စဉ်နေ့တိုင်း အကြမ်းဖက်သမားတွေရဲ့ ရက်စက်မှုကြောင့် သေဆုံးနေရတဲ့ အခြေအနေကိုလည်း တာဝန်ရှိသူများအနေနဲ့ ပြန်လည်သုံးသပ်ဆောင်ရွက်သင့်ပြီလို့ ထောက်ပြပြောဆိုချင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောဆိုရာမှာ -

EAO များသည် အဓိကအားဖြင့် နယ်စပ်ဒေသများတွင်မူးယစ်ဆေးဝါး၊ လက်နက်နှင့်လူမှောင်ခိုမှုကဲ့သို့ တရားမဝင် လုပ်ငန်းများမှရရှိသည့် အကျိုးအမြတ်များကို မစွန့်လွှတ်လို ကြ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝမပါဝင်ကြကြောင်း၊ ရွေးကောက်ပွဲ (၃)ကြိမ်စလုံး မပါဝင်ခဲ့ကြကြောင်း၊ ဓာတုပစ္စည်းများကို အခြေခံ၍ မူးယစ်ဆေးထုတ်လုပ်ကြသည့်အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရန် ပိုမိုခက်ခဲလာကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် တရားမဝင် စီးပွားရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုလုပ်ငန်းများနှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့တာကို တွေ့မြင်ရပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ လက်ကိုင်တုတ်မီဒီယာတွေက တော်လှန်ရေးဟု မည်သို့ပင် ပုံဖော်ရေးသားနေစေကာမူ နိုင်ငံတကာအသိုင်းအဝိုင်း က အမှန်တရားကို သိရှိနိုင်စေဖို့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက တပ်မတော်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ soft target ဖြစ်သည့် လက်နက်မဲ့ပြည်သူများကို အနိုင်ကျင့် သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားစွာ ဆွေးနွေးပြောဆိုတာကို တွေ့ရပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အအကြမ်းဖက်အဖွဲ့ဟာ ပြည်တွင်းရှိ လက်ပါးစေ PDF အကြမ်းဖက်သမားများကို လက်နက်ခဲယမ်းငွေကြေးထောက်ပံ့ပြီး အကြမ်းဖက်လုပ်ငန်းများ စေခိုင်းနေကြောင်း၊ ကျောင်းများ၊ ဆေးရုံများ၊ ရုံးများပိတ်ရန် မလိုက်နာပါက သတ်ဖြတ်အရေးယူရန် NUG ဝန်ကြီးဆိုသူများက ညွှန်ကြားပြီး PDF များက ဘုန်းတော်ကြီး ၆၉ ပါး၊ ကျောင်းသားကလေးငယ် ၁၈၇ ဦး၊ ဆရာ ဆရာမ ၇၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ စစ်မှုထမ်းဟောင်းများ၊ ဆန့်ကျင်ဘက် ပါတီဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် နိုင်ငံ့ဝန်ထမ်း ၉၅၃ ဦး စသည့် လက်နက်မဲ့ပြည်သူများ ၅၈၄၆ ကျော်ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းကို ချပြဆွေးနွေးပေးခဲ့တဲ့အတွက် ပြည်ထောင်စုဝန်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

အမေရိကန်ရဲ့ သြဇာခံ အနောက်အုပ်စုနဲ့ အပေါင်းအပါတွေကတော့ မုသားအင်ပါယာကြီးကို တည်ထောင်ထားတာ ဖြစ်တဲ့အတွက် အမှန်တရားကို သိနိုင်စွမ်း မြင်နိုင်စွမ်း မရှိပါဘူး။ အမိုက်မှောင် ဖုံးလွှမ်းနေခြင်းမျိုး ဖြစ်ပါတယ်။ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုသူတွေ ဖြစ်ပါတယ်။ သို့ပေသော်လည်း လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာနေတဲ့ ပြည်ဖျက်မိစ္ဆားများရဲ့ လုပ်ရပ်တွေကိုတော့ ဘယ်လိုမှ ဖုံးဖိနိုင်စွမ်း မရှိတော့ပါဘူး။ မြန်မာ့သမိုင်းမှာ အဆိုးရွား အရက်ဆက်ဆုံးသော ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကို ၂၁ ရာစုမှာ တွေ့မြင်လိုက်ရပါတယ်။ အဲဒီလူတွေကတော့ ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေးအရည်ခြုံ ပြည်ပသြဇာခံ NLDပါတီမှ နိုင်ငံရေးလုပ်စားသူများ၊ ၈၈ ကျောင်းသားခေါင်းဆောင် အမည်ခံ နိုင်ငံရေးလုပ်စားသူများနဲ့ သူတို့ရဲ့ သြဇာခံ ကျောင်းသားသမဂ္ဂအမည်ခံ လုပ်စားနေကြတဲ့ ပြည်ဖျက်မိစ္ဆာများ ဖြစ်ကြလေသတည်း။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)