ကုသိနာရုံဆရာတော်ဘုရားကြီး ရန်ကုန်သို့ကြွချီ၊ သီတဂူဆရာတော်ကြီးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုသိနာရုံဆရာတော်ဘုရားကြီး ရန်ကုန်သို့ကြွချီ၊ သီတဂူဆရာတော်ကြီးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး





MNP ၊ ဇွန် ၁၁

အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေထိုင်တော်မူသော ကုသိနာရုံဆရာတော်ဘုရားကြီးသည် ယနေ့(၁၁.၆.၂၀၂၃)နံနက် ၇ ၀၀ အချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ကြွရောက်ချီးမြှင့်တော်မူခဲ့ပြီး သီတဂူဆရာတော်ကြီးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ ကြွရောက်တော်မူလာသော ကုသိနာရုံဆရာတော် ဘုရားကြီးကို သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ လှိက်လှဲနွေးထွေးစွာဂါရဝပြု ကြိုဆိုပြီး သင်္ကန်းနှင့် နဝကမ္မဝတ္ထုလှူဒါန်းခဲ့ကြောင်း၊ ထို့နောက် ဆရာတော်ကြီးနှစ်ပါးတို့သည် သာသနာရေးကိစ္စများဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ကုသိနာရုံဆရာတော်ဘုရားကြီး ဦးဆောင်သောအဖွဲ့ကို ကိုးထပ်ကျောင်းဆောင်ရှိ ရွှေစည်းခုံစေတီတော်သို့ ပိုဆောင်ဖူးမျှော်ခဲ့ကြကြောင်း သိရသည်။


ရန်ကုန်သီတဂူဗုဒ္ဓတက္ကသိုလ်မှ တာဝန်ရှိသူများက ကုသိနာရုံဆရာတော်ဘုရားကြီးဦးဆောင်သောအဖွဲ့ကို ကျောင်းအတွင်းရှိ အစည်းအဝေးခန်းမများ၊ စာသင်ဆောင်များနှင့် အာယုဒါနဆေးရုံတော်အခန်းများကို ပို့ဆောင်ပြသပေးခဲ့ပြီး၊ ဆရာတော်ကြီးသိလိုသည်များ မေးမြန်းသည်ကို ရှင်းလင်းဖြေကြား လျှောက်ထားပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)