MNP ၊ ဇွန် ၁၆
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအား ယမန်နေ့ မွန်းလွဲပိုင်းက ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာအုပ်စု၊ တောင်သူ ဦးရွှေထူး၏ လယ်ယာမြေ (၁၂)ဧက၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တောင်သူ များနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဓနုဖြူမြို့နယ်၊ ကဉ္စနကျွန်းသာ ကုမ္ပဏီလိမိတက်၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် ကန်ထရိုက် လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ “ဧရာဝတီတိုင်းဒေသကြီးသည် ဝမ်းစာဖူလုံသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ တောင်သူများအတွက် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းရှင်များလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေး အတွက် မျိုးကောင်းမျိုးသန့် စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင် ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင် အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးသည့်ဒေသဖြစ်ပါကြောင်း၊ စပါးသီးနှံအပြင် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ အစရှိသည့် သီးနှံများကိုလည်း အထွက်နှုန်းများတိုးတက်ကာ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး သည် မြေသယံဇာတ၊ ရေသယံဇာတနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝသည့် တိုင်းဒေသကြီးဖြစ်ပါ ကြောင်း၊ အထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိ ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း၍ စိုက်ပျိုးရေး စံပြတိုင်းဒေသကြီးဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူကြီးများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း” ပြောကြားသည်။
ဆက်လက်၍ ကဉ္စနကျွန်းသာကုမ္ပဏီလိမိတက်၏ ဓနုဖြူအခြေပြု ဒေသတာဝန်ခံက ကန်ထရိုက်လယ်ယာ ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအား ဓာတ်မြေဩဇာနှင့် မျိုးစပါးများပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တောင်သူလယ်သမားများအား စိုက်ပျိုး စရိတ် ထုတ်ချေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျောင်းကုန်း မြို့နယ်၊ ကွင်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားနေမှု များနှင့် စာသင်ဆောင်လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များ တင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ် ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာအုပ်စုရှိ တောင်သူ ဦးမျိုးမင်းဇော်၏ လယ်မြေ(၂)ဧက၌ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မိုးစပါး အထွက် နှုန်းတိုးတက်စေရေး ကြိုးစားစိုက်ပျိုးကြရန် မှာကြားခဲ့သည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost



No comments:
Post a Comment