ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (Book Club) (Young Club) အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (Book Club) (Young Club) အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပ






MNP ၊    ဇွန်   ၁၆

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ ရမ်းဗြဲမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန ၊ Community Centre ခန်းမတွင် ယနေ့ နေ့လည် (၂)နာရီအချိန်က  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( ဦးစီးအရာရှိ ) ဒေါ်အောင်တင်ကြည်နှင့် ဝန်ထမ်းများ ၊ (Book  Club)  (Young Club)  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။


ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) ၊ အမှတ် (၁၁) ၊၂၀၂၃ ခုနှစ် ၊ ဇွန်လ(၁)ရက်နေ့  ထုတ်ဝေသည့်  ဆောင်းဝတီ  ရေးသားသော “ ကျောင်းဖွင့်ချိန် ဝေဆာပွင့်လန်းတော့မည့် အနာဂတ်ပန်းကလေးများ”  ဆောင်းပါးပါ အကြောင်းအရာများ ဖတ်ကြားဆွေးနွေးပါသည်။


ဆက်လက်ပြီး  (Young Club) အဖွဲ့ဝင်တစ်ဉီးဖြစ်သော ကိုမောင်သိန်းအောင်မှ “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသော စကားနှင့်အညီ အနာဂတ်တွင်  ခေါင်းဆောင်ကောင်းများဖြစ်လာမည့်  ကျောင်းသား၊ကျောင်းသူများအနေဖြင့်ကျောင်းဖွင့်ချိန်တွင် ပညာကိုအာရုံစူးစိုက်ပြီး သင်ကြားကြရန်နှင့် ဆရာ၊ဆရာမ များ၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကြရန် ၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန်  အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် စာပေများကိုလေ့လာဖတ်ရှကြရန် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)