အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ပြောကြား



MNP ၊ ဇွန် ၁၆

အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း ပြန်လည်စတင် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန် ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။


အစည်းအဝေးသို့ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန်ကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သော သံမဏိများကို ရေရှည်စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရေးအတွက် သံသတ္တုရိုင်းမှ သံစိမ်းများကို ထုတ်လုပ်ပေးမည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နေစဉ် လုပ်ငန်းပြီးစီး ရမည့်ပမာဏ၊ ပြီးစီးရမည့် အချိန်တို့ကို ကြိုတင်တွက်ချက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုချင်းအလိုက် အချိန်ဇယားများရေးဆွဲ၍ ဆောင်ရွက်သွားရန်နှင့် အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များ လာရောက်ချိန်တွင် ကျန်ရှိနေသည့် စီမံကိန်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းများပြီးမြောက်စေရေးဦးတည်ပြီး ပြောဆိုဆက်ဆံရမည် ဖြစ်ကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးကိစ္စရပ်များကို အကြောင်းအရာတစ်ခုချင်းစီအလိုက် ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ထားရမည်ဖြစ် ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်များကို ကြိုတင်သတ်မှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အလိုက် စီမံကိန်း စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်း (Work Scope, Cost, Time, Quality) သတ်မှတ်ချက်များနှင့် အညီ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ငွေလုံး ငွေရင်းအသုံးစရိတ် (ဆောက်လုပ် ရေး) မူလခွင့်ပြုရန်ပုံငွေပါ လုပ်ငန်းများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က အမှတ်(၁)သံမဏိ စက်ရုံ (မြင်းခြံ)နှင့် အမှတ် (၂)သံမဏိစက်ရုံ (ပင်းပက်) တို့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များကိုလည်းကောင်း တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သံမဏိစက်ရုံများကို ယုတ်မာရိုင်းစိုင်းကောက်ကျစ်သော NLD အစိုးရလက်ထက်တွင် စီမံကိန်းများ ရပ်တန့်ခဲ့ခြင်းကြောင့် နစက အစိုးရတက်လာပြီးနောက်ပိုင်း စီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နေကြရခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)