MNP ၊ ဇွန် ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ ေကျးရွာအုပ်စုများတွင် အ သက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း) ကာကွယ်ဆေးများကို ကျေးလက်ကျန်းမာ ရေးဌာနဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိပါသည်။
ထိုသို့ထိုးနှံပေးလျက်ရှိရာဇွန်လ(၁၅)ရက် နေ့က ကျေးရွာအုပ်စုများအတွင်းရှိ စုရပ်များ၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉(ထပ်ဆောင်း) ကာကွယ်ဆေး Booster ဆေးထိုးနှံပေးရာ ဒုတိယအကြိမ်၊တတိယအကြိမ်၊စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးနှံသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါကနာရီဝက်ကြာခေတ္တနားစေခြင်းတို့ကို ကျေးလက်ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီးစခန်းမော်အုပ်စု၌ ကျေးရွာသူရွာသားများသွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားရေးအတွက်ကျေး
လက်ကျန်းမာရေးဌာနဝန်ထမ်းများအုပ် ချုပ်ရေးမှူးများကခြင်မပေါက်ဖွားနိုင်ရေအတွက်အသိပညာပေးရေစည်များ ၌အဘိတ်ဆေးခတ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်
https://t.me/MyanmarNationalPost





No comments:
Post a Comment