ဘိုကလေးမြို့နယ်တွင် အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် မြို့နယ်အဆင့် အသိပေးရှင်းလင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် မြို့နယ်အဆင့် အသိပေးရှင်းလင်းဆောင်ရွက်


MNP ၊    ဇွန်   ၂၂

မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အခမ်းအနား မြို့နယ်အဆင့် အသိပညာပေး ရှင်းလင်းပွဲအား ယနေ့ နံနက်(၁၁)နာရီ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ဆောင်ရွက်သည်။


အသိပညာပေး ရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအပါအငင် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ရဲမှူး မျိုးအောင်ထွန်းက ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် မိမိတို့နိုင်ငံယှဉ်လျှင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် အတက်ရောဂါဖြစ်ပွားသူ (၂)ဆရှိကြောင်း၊ အတက်ရောဂါသည် ဆေးဝါးကုသနိုင်သော ရောဂါဖြစ်ပြီး ဆေးဝါးကုသ၍ ပုံမှန်အခြေအနေဖြင့် နေထိုင်အသက်ရှင်နိုင်ကြောင်း အဖွင့်အမှာ စကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်က စီမံချက်အောင်မြင်အောင် ဆောင်ရွက် နိုင်ရေး တိုက်နယ်ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များအား သင်တန်းပို့ချပေးထားကြောင်း၊ အတက်ရောဂါဆိုသည်မှာ ကုသ၍ရသော ဦးနှောက်နှင့် အာရုံကြောရောဂါဖြစ်ပြီး ကူးစက်တတ်သော ရောဂါ မဟုတ် ကြောင်း ရှင်းလင်းပြောကြားပြီး အတက်ရောဂါနှင့် ပတ်သတ်၍ မိဘ၊ ဆရာများ၏ အခန်းကဏ္ဍ၊ အတက်ရောဂါရှိသူများအတွက် ဆောင်ရန်/ရှောင်ရန်များ၊ အမျိုးသမီးနှင့် ကလေးများအတွက် ဆက်စပ်နေသော အတက်ရောဂါများအကြောင်းအား အကျယ် တဝင့် အသိပညာပေးခဲ့ကြောင်းနှင့် အတက်ရောဂါအကြောင်းအား အသိပညာပေးထားသော ဗီဒီယိုအား ဖွင့်လှစ်ပြသပေးခဲ့ကြောင်း သိရသည်။


မိုးစက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)