ဟိုပုံးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နိုင်ငံတော်အဆင့်(ဒုတိယ)ဆုရ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နိုင်ငံတော်အဆင့်(ဒုတိယ)ဆုရ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ





MNP ၊    ဇွန်   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နိုင်ငံတော်အဆင့်(ဒုတိယ)ဆုရ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean And Green School) ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ပေါ်ဟွန်း အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။


အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ဦးစီးပြီးရွေးချယ်ပေးခဲ့တဲ့ စိမ်းလန်းစိုပြည်၍ သန့်ရှင်းသာယာလှပသော ကျောင်းဆုကို အခြေခံပညာ မူလတန်းလွန်ကျောင်း နမ့်ပေါ်ဟွန်းက နိုင်ငံတော်အဆင့်မူလတန်း ကျောင်းတွေထဲမှာ ဒုတိယဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါကြောင်း၊ စိမ်းလန်းစိုပြည်၍ သန့်ရှင်းသော ကျောင်းကနေ စိမ်းလန်းစိုပြည်၍ သန့်ရှင်းသော ကျေးရွာဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ရဲ့ ပတ်ဝန်းကျင်သန့်ရှင်းသာယာနေဖို့လိုအပ်ပါကြောင်း၊ အမှိုက်မရှိတဲ့ကျောင်း အမှိုက်မရှိတဲ့ရွာ ဖြစ်ဖို့လိုအပ်ပါကြောင်း၊ ယနေ့ကမ္ဘာမှာ ပလတ်စတစ် အန္တရာယ် ဘယ်လောက်ကြီးမားနေတယ်ဆိုတာ လူတိုင်းအသိပဲဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောင်းတွင်း၊ ကျောင်းပြင်၊ အိမ်တွင်း၊ အိမ်ပြင်၊ ရွာတွင်း၊ ရွာြပင် ပလတ်စတစ်နဲ့ အမှိုက်ကင်းစင် ရေးကို အသိပညာပေး ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။ ထို့နောက် နမ့်ပေါ်ဟွန်း အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြိုင်က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအဖြစ် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီးနောက် ရပ်ရွာမိဘတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ နမ့်ပေါ်ဟွန်းကျေးရွာ ရပ်မိရပ်ဖတို့က နမ့်ပေါ်ဟွန်း အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်အေးအေးမြိုင်အား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီး‌‌ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)